သရုပ်ဆောင်မေမြင့်မိုရ် ကံစမ်းမဲနှိုက်ပေးတယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေအတွက်စိတ်ပူပြီး စိတ်အနှောင့် အယှက်ဖြစ်ခဲ့ရတယ်လို့ သရုပ်ဆောင် မေမြင့်မိုရ်က ပြောပြပါတယ်။“မေလေးလည်း Fan တွေပြလို့ သိရတာပါ။ သိသိချင်း အရမ်းအံ့သြသွား တာပေါ့။ မေလေးကိုချစ်တဲ့ ပရိသတ်တွေ အတွက်စိတ်လည်းပူသွားတယ်။အဲဒါ ကြောင့် မေ့ပရိသတ်တွေ မြင်အောင်ဆိုပြီး မေ့ရဲ့ Page မှာ တင်ပေးလိုက်တာ။Fan တွေအကုန်လုံးက Report ဝိုင်းထုကြ လို့လားမသိဘူး။ အခုတော့ အဲဒီ Page မှာ ဘာမှတင်ထားတာ မတွေ့ရတော့ဘူး။




အဲဒီလိုမျိုးလုပ်တာ ကိုယ်ရဲ့နာမည်လည်း ထိခိုက်တယ်။ လူငယ်တွေက အမြဲတမ်း သုံးနေကျဆိုတော့ အတု၊ အစစ်ခွဲတတ် ပေမဲ့ တချို့လူကြီးပရိသတ်တွေက ဒါကို Page အတုလား၊ အစစ်လား သေချာ မသိကြဘူး။ ဒါကြောင့် တခုခုဖြစ်မှာ စိုးရိမ် တယ်။ ပိုက်ဆံတွေ ဘာတွေ လိမ်ရင် လည်း မကောင်းဘူး။ တချို့က အဲဒီလို တွေဖြစ်ဖူးကျတော့ စိတ်ပူရတယ်။မေ့ရဲ့ Pageက နာမည်ကို အင်္ဂလိပ်လိုပဲ စာလုံး ပေါင်းထားတာပါ။ Blue Mark လည်း ပါပါတယ်”လို့ သရုပ်ဆောင်မေမြင့်မိုရ်က ပြောပြပါတယ်။Stay Home ကာလမှာYouTube ကနေ မုန့်လုပ်နည်းတွေ လေ့ လာဖြစ်တယ်လို့လည်း သူမက ပြောပြပါ တယ်။ “Stay Home ကာလကတော့ အိမ်မှာပဲနေဖြစ်တာများပြီး မိသားစုကို အချိန်ပေးဖြစ်တယ်။ စာဖတ်တယ်။ ရုပ်ရှင်ကြည့် ဖြစ်တယ်။ YouTube ကနေ မုန့်လုပ်နည်းတွေ ဂစ်တာတီးနည်းတွေလည်း လေ့လာဖြစ်တယ်။ အိမ်မှာ မောင်လေးနဲ့ မုန့်တွေစမ်းပြီး လုပ်စားဖြစ် ကြတယ်”လို့ ဆိုပါတယ်။




လက်ရှိမှာကြော်ငြာ MTV ရိုက်ကူး တာတွေလုပ်နေရပြီး ရိုက်ကူးရေးပြန် စဖြစ် ရင်တော့ ဇာတ်လမ်းတွဲပြန်ရိုက်ဖြစ်မယ်လို့ ဆိုပါတယ်။ “အခုကတော့ ကြော်ငြာတွေ ၊ MTV တွေ၊ ပြက္ခဒိန်တွေ ကမ်းလှမ်းလာ တာကို ရိုက်ပေးဖြစ်တယ်။ မကြာခင် အလုပ်တွေပြန်လုပ်ခွင့်ရတော့မယ်လို့ ကြား တယ်။ အလုပ်တွေပြန်လုပ်ရမယ်ဆိုတော့ ကောင်းတာပေါ့။ အားလုံးအတွက် အဆင် ပြေတယ်လေ။ မေလေးလည်း ပျော် တယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။
- Mg Kaung