အရင်လိုစပ်စလူးမဟုတ်တော့ဘူးဆိုတဲ့ မုဏ်း

နတ်လက်စေတလုံးမောင်တုန်း ဇာတ်လမ်း ထဲမှာ အရင်လို စပ်စလူးကာရိုက်တာမျိုးမဟုတ်တော့ဘဲအေးဆေးတည်ငြိမ်တဲ့ ကာရိုက်တာနဲ့မြင်ရမယ်လို့ သရုပ်ဆောင်မုဏ်းက ပြောပါတယ်။“မုဏ်းတို့တွေ “စေတလုံးမောင်ဘုန်း’ ဇာတ် လမ်းတွဲ ရိုက်လက်စတန်းလန်းကြီး။ တကယ်ဆို တစ်ပတ်စာပဲကျန်တော့ တာ။ အဲဒါကိုမရိုက်လိုက်ရဘဲ ကိုဗစ်ကြောင့် ရပ်လိုက်ရတာလေ။ အဲဒီဇာတ် လမ်းက ဟိုဘက်ခေတ်ဇာတ်လမ်းလည်း ဖြစ်နေတော့ မုဏ်းရဲ့ အရင်ကာရိုက်တာတွေလို စပ်စလူးမဟုတ်ဘူး၊ တည် တည်ငြိမ်ငြိမ်အေးအေးလေး အရင်ပုံစံနဲ့ကွဲတဲ့ မြန်မာ ဆန်ဆန်လေးတွေ့ရမှာပါ”လို့ ဆိုပါတယ်။

အနားရနေတဲ့ ကာလတလျှောက် အနုပညာနဲ့ ပတ်သက်ပြီးတော့ ရှောင်သင့်တာနဲ့ ဆောင်သင့်တာတွေကို ခွဲခြားသိလာရတယ်လို့လည်း မုဏ်းကပြောပြ ပါတယ်။“အဓိကကတော့ ကိုဗစ်ကာလမှာ ရုပ်ရှင်တွေ အများကြီးကြည့်ဖြစ်တယ်၊ ကိုရီးယားဒရမ်မာကားတွေ လည်း အများကြီးကြည့်ဖြစ်တော့ ကိုယ်တိုင်အများ ကြီး ပြုပြင်ပြောင်းလဲဖို့နဲ့ ကြိုးစားဖို့လိုနေသေးတယ် ဆိုတာတွေကို အဲဒီမှာသိလိုက်ရတယ်။ သူတို့ဆီမှာ အနုပညာရှင်တွေ တော်တော်ကြိုးစားကြတယ်။ ကာ ရိုက်တာတခုအတွက် ခန္ဓာကိုယ်ပိုင်း၊ အသားအရေ ပိုင်းကအစ ဝတ်စားပြင်ဆင်တာတွေ ဖက်ရှင်ပိုင်းတွေ ကို သေချာပြင်ဆင်ကြတာတွေ့ရတယ်။ မတူတာတွေ ကို လေ့လာဖြစ်တယ်၊ မုဏ်းက သူတို့နဲ့ယှဉ်ရင် ဘာ ကိုမှ ဂရုမစိုက်ဘူးလို့ပြောလို့ရတယ်။ အခုတော့ ခန္ဓာ ကိုယ်အတွက်လည်း ကစားတယ်၊ နောက်ပြီး အသား အရေကောင်းအောင် ပြန်ပြီးဂရုစိုက်ဖြစ်တယ်။

အခု အရင်နဲ့တော့ သိပ်မတူတော့ဘူး။ တော်တော်လေးပြောင်းလဲသွားမယ်ထင်တယ်။ ကျန်းမာရေးနဲ့ညီညွတ် ပြီး အသားအရေစိုပြေလာအောင် နေထိုင်စားသောက်ပုံ တွေကို ပြောင်းလဲလိုက်တယ်”လို့ ပြောပြပါတယ်။” လွမ်းနေတဲ့ပရိသတ်တွေကို မုဏ်းလည်း အရမ်း လွမ်းနေတယ်။ မုဏ်းက ဆိုရှယ်မီဒီယာလည်း သိပ် မသုံးတတ်ဘူး။ ဓာတ်ပုံတွေ၊ Live တွေလည်း မလုပ် ဖြစ်တော့ ရုပ်ရှင်မှမပြရင် သူတို့နဲ့ဝေးနေသလိုဖြစ်နေ တယ်။ တနှစ်နဲ့တနှစ် ပိုပိုကောင်းလာတဲ့ မုဏ်းဖြစ်အောင် ကြိုးစားသွားမယ်လို့ ပရိသတ်ကို ပြောပြချင်ပါ တယ်” လို့ မုဏ်းကဆိုပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.