သမီးဖြစ်သူနဲ့ အတူသာ့သနာ​​ဘောင်ဝင်​ရောက်ခဲ့တဲ့ သရုပ်​ဆောင် စိုင်းလွှမ်း

အဆိုတော်၊ သရုပ်ဆောင် စိုင်းလွှမ်းကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း သူ့ရဲ့ သမီးလေး စစ်လွန်းဝတီထက်ကို ဂရုစိုက်စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်းက သြဂုတ်လ (၇) ရက်နေ့မှာ သာသနာ့ဘောင်ထဲသို့ဝင်ရောက်ခဲ့ပြီး သမီးလေး စစ်လွန်းဝတီထက်ကလည်း ဖခင်နဲ့အတူတူ ပါရမီဖြည့်ပေးနေတာပဲ ဖြစ်ပါတယ်။

” စစ်လွန်းဝတီထက်လေးက မမျှော်လင့်ပဲ ဖခင်နဲ့ အဖွားဆီကို ခွင့်တောင်းပြီး သီလရှင်ဝတ်ခဲ့ကြောင်း သိရပါတယ်။ ” နဂါးရုံဘုရားပေါ်မှာဘုရားဖူးကြရင်း မပြောမဆို ငိုပြီးဘာမှမဖြေဘဲ ဘုန်းကြီး ဆီကိုအဖွားနှင့် သမီး ကိုယ်တိုင်လျှောက် သီလရှင်ဝတ်ခွင့်ပြုပေးပါပြော ဦးဇင်းဆီကလည်းခွင့်ပြုချက်တောင်းပြီးအရမ်းမြတ်နိုးတဲ့ သူ့ဆံပင်ကို ဘုရားဋ္ဌာပနာ ထဲထည့်လှူ ဆရာလေး ဆန္ဒမာလာ အဖြစ်ခံယူပြီး ကွယ်လွန်သွားသူအဖိုးဦးခင်မောင်ဦးနှင့် ၇ရက်သားသမီး အပေါင်း သာဓုခေါ်ဆိုနိုင်ပါတယ်။” လို့ စိုင်းလွှမ်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

စစ်လွန်းဝတီထက်လေးကတော့ သူမ အရမ်းမြတ်နိုးတဲ့ ဆံပင်တွေကို ဘုရားဋ္ဌာပနာထဲ ထည့်လှူရင်း သီလရှင်လေးအဖြစ် ခံယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိ ဆရာလေး ဆန္ဒမာလာ ( စစ်လွန်းဝတီထက် ) ရဲ့မွန်မြတ်တဲ့လုပ်ရပ်အ​ပေါ်မှာ ပရိသတ်​တွေကလည်းကြည်နူးဝမ်းသာပြီးသာဓု​ခေါ်ဆိုခဲ့ကြပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.