Myanmar Idol Seson-4 အဆိုရှင်မေမဒီရဲ့ ပထမ ဆုံး တေးစီးရီးဖြစ်တဲ့ ‘This Is May Ma D’ တေးစီးရီးကို ဩဂုတ် ၇ ရက်မှစတင်ပြီးBo Bo Music Production က ဖြန့်ချိသွားမယ်လို့ သိရပါတယ်။“ဒီအခွေလေးကိုညီမရဲ့ မွေးနေ့ဖြစ်တဲ့ဩဂုတ် ၇ ရက်အမီ ထွက်ချင်ခဲ့တာ ညီမရဲ့ တစ်ခုတည်းသောဆန္ဒပါ။



အခုလို ကိုဗစ် ကာလမှာ သီချင်းခွေထွက်ရတာညီမအတွက် အခက်အခဲတွေ့ရ တာ မှန်ပေမယ့် သီချင်းတွေကို ပရိသတ်အတွက်ပဲ အဓိက ထားပါတယ်။ ဒီအခွေအတွက် အရှုံး၊ အမြတ်တွက်ထားတာမျိုး မရှိပါဘူး။ အဲဒါကြောင့်ညီမရဲ့ပထမဆုံးအခွေလေးကိုနားထောင် ကြည့်ပြီး အားပေးကြပါလို့ ပြောပါရစေ’ လို့ အဆိုရှင် မေမဒီက ပြောပါတယ်။အဆိုပါတေးစီးရီးမှာတေးရေး မျိုးကျော့မြိုင်၊ ညီမင်းခိုင်၊ ရဲဒေါင်း၊ ဒယ်ဒီသံသံ၊ စစ်သူ၊ တာကြီး၊ မေမဒီ၊ ShineLayCS တို့ ရေးသားထားသည့်တေးသီချင်း ၁၁ပုဒ်ပါဝင်ကြောင်း သိရပါတယ်။“ဒီအခွေလေးထဲကသီချင်းတွေကိုညီမကိုယ်တိုင်သေချာ စိစစ်ရွေးချယ်ပြီးမှ ဖန်တီးခဲ့တာပါ။



နောက်တစ်ခုက ကိုမျိုးကျော့မြိုင်ကလည်း ညီမရဲ့ အခွေလေးအတွက် အများကြီးပံ့ပိုး ပေးထားပါတယ်။ အစ်ကို့သီချင်းလေးတွေ ဆိုချင်ပါတယ်ဆိုပြီး ၊ အကူအညီလေးတောင်းကြည့်တော့ အစ်ကိုက ကြည်ကြည် ဖြူဖြူနဲ့ ဆိုဖို့ခွင့်ပြုပေးခဲ့တယ်။ အဲဒီအတွက်လည်း အစ်ကို့ကိုကျေးဇူးတင်ပါတယ်။ ဒီအခွေထဲမှာပါဝင်တဲ့ တေးသီချင်းတွေ အတွက်ရေးပေးကြတဲ့တေးရေးဆရာအားလုံးကိုလည်း အရမ်းပဲ ကျေးဇူးတင်ပါတယ်’ လို့ မေမဒီက ပြောပြသွားခဲ့ပါတယ်။
- Mg Kaung