” Myanmar Idol Season-4 ရဲ့ ပြိုင်ပွဲဝင်အဆိုရှင် နော်စေးစေးထူးက သူမကိုယ်တိုင် သီဆိုပါဝင်သရုပ်ဆောင်ထားတဲ့ “အချစ်ရဲ့ ဒုက္ခသည်မလေး” အမည်ရှိတေးသီချင်းကို ဩဂုတ် ၅ ရက်က ပရိသတ်များအတွက် မျှဝေပေးခဲ့ပါတယ်။


စေးစေးရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ အဘက်ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြသူအားလုံးကို အထူး ကျေးဇူးတင်ပါတယ်’ဟု အဆိုတော်နော်စေးစေးထူးကပြောဆိုထားပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲ ပြီးဆုံးတဲ့အချိန်မှစပြီးပရိသတ် များအတွက် တေးသီချင်းများ ထွက်ရှိနိုင်ရန် ကြိုးစားနေတဲ့ သူမက အချစ်ကြောင့် ဒုက္ခရောက်သူများရဲ့အကြောင်းကို ရည်ညွှန်းသီဆိုထားတဲ့အဆိုပါသီချင်းကို သူမရဲ့ NawSaySay Htoo ဖေ့စ်ဘွတ်အကောင့်မှတစ်ဆင့်ပရိသတ်များအတွက်တင်ထားခဲ့ ခြင်းဖြစ်ပါတယ်။


အဆိုပါMusicVideoတွင် အဆိုတော်နော်စေးစေး ထူးနဲ့အတူ သရုပ်ဆောင် မင်းသွေးခန့်ကလည်းပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။
- Mg Kaung