Group Chat ထဲကပုံ​တွေနဲ့ အမှန်တရားကိုချပြလာတဲ့ ချမ်းချမ်း

လတ်တလော လူမှုကွန်ရက်မှာ ယုန်လေးဖန်တီးပုံဖော်ထားတဲ့ “ငါတို့အားလုံးရဲ့မြေ” သီချင်းဗွီဒီယိုဟာ လူ​​​ပြောများပြီးအ​တော်​လေး​ဝေဖန်ခံ​နေရပါတယ်။ယုန်လေးရဲ့အနုပညာဖန်တီးမှုကို ထောက်ခံသူတွေရှိသလို ဝေဖန်သူတွေလည်း များနေတဲ့အပြင် သီချင်းထဲမှာ ပါဝင်သီဆို၊ သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေအကုန်လုံးပါ ဝေဖန်တိုက်ခိုက်ခံနေရတာပါ။

မနေ့ကတော့ ဒီသီချင်းလေးထဲမှာ ပါဝင်သီဆိုထားသူချမ်းချမ်းက ဒီသီချင်းပုံဖော်မှုနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့တဲ့အကြောင်းကို မီဒီယာတွေမှာ ရှင်းလင်းပြောကြားခဲ့သလို ဒီနေ့ညနေမှာလည်း Facebook Live လွှင့်ကာ ပရိသတ်တွေနဲ့တိုက်ရိုက်ဖြေရှင်းခဲ့ပါတယ်။ ဒါ့အပြင် အခုတစ်ခါမှာတော့ အရာရာဟာ အခုရှုပ်မှနောင်ရှင်းမို့ဟုဆိုကာ ဒီသီချင်းကို ပုံဖော်ဖို့ ပါဝင်သူအားလုံး Group Chat လုပ်ထားတဲ့ Screenshot တွေကို သူ့ရဲ့လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။” ဒီပုံတွေဟာ…ကျမတို့အားလုံး စပြီးသီချင်းသွင်းတဲ့နေ့ကစပြီးပြောထားတဲ့ စာတွေ..ပုံတွေပါ။ ဒါသက်သေပါပဲ။ ဘယ်သူ့ကိုမှ စော်ကားလိုခြင်းမရှိပါ။အဖြစ်မှန်ကတော့ ဒါပါပဲ။ တခါမှ ကိုယ်တွေ အဆိုတော်တွေနဲ့ meeting မှာ mv ဇာတ်လမ်းရိုက်မယ့်အကြောင်းလည်းမပြောခဲ့ပါ။ ဒါပေမဲ့ အကို့မှာပြောလို့မရတဲ့နောက်ကွယ်က အကြောင်းတရားတွေရှိတာကို အခုသိလိုက်ရလို့ သနားသွားမိတယ်။ တကယ်စိတ်ရင်းပါ။ အကို အနေရကျပ်နေတဲ့အခြေနေကို ညီမကမသိဘဲ အမှန်တွေပြောလိုက်တယ်ဆိုတာလည်း တကယ်မလုပ် ၊ မဟုတ်တဲ့အတွက်တခြားသူတွေလည်း မထိခိုက်စေချင်လို့ပါ။ညမတို့ အကို့ကိုခွင့်လွှတ်ပါတယ်။ ဒါပေမဲ့ အကို ဇာတ်လမ်းထည့်မယ်ဆိုတာကိုတခါမှ group chat မှာမပြောခဲ့ဘူးတာတော့ အမှန်အတိုင်းပြောစေချင်ပါတယ်။

ရိုက်ကူးရေးကဓာတ်ပုံလေးတပုံနှစ်ပုံပို့ပေးတာနဲ့တဖွဲ့လုံးကို ဇာတ်ညွှန်းပြတိုင်ပင်ခဲ့တယ်ဆိုတာတော့နည်းနည်းများသလားလို့ပါ။ edit မှာရိုက်တုန်းကမပါတာတွေထပ်ထည့်တာရော။ တခြားကဒ်တေပါလာတာတွေကြောင့် ညီမတို့ရှင်းရတာပါ။ အကိုညီမကိုမုန်းနိုင်ပါတယ်။ ပရိသတ်တွေလည်း မုန်းနိုင်ပါတယ်။ အရာရာဟာအခုရှုပ်မှနောင်ရှင်းမှာမို့လို့ပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဒါနောက်ဆုံးပါပဲ။အမှန်တရားကအကို့ဘက်မှာရှိပါစေ၊အမုန်းခံထပ်ပြောလိုက်ပါတယ်။ အားလုံးနားလည်နိုင်ပါစေ” လို့ ချမ်းချမ်းက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားကာ စကားပြောထားတဲ့ Group Chat တွေကို screen shot ရိုက်ပြီးမျှဝေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

source : chan chan fb

  • Mg Kaung

Leave a Reply

Your email address will not be published.