လတ်တလောရေပန်းစားနေတဲ့ “ငါတို့ အားလုံးရဲ့ မြေ”သီချင်းရဲ့ music video မှာတော့ မှာတော့ အဆိုတော် ယုန်လေး အပါအဝင် ထူးအယ်လ်လင်း၊ မိုးမိုး၊ ဖြိုးမြတ်အောင်၊ ရော်ရွက်၊ မူးလာ၊ ချမ်းချမ်း၊ Lဆိုင်းဇီ၊ ရတနာမိုင်၊ မေမဒီ၊ ယွန်း တို့အပြင် နောက်ထပ် တေးသံရှင်များက ပါဝင်သီဆိုပေးခဲ့ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်များ အနေနဲ့ မို့မို့မြင့်အောင်၊ သားညီ၊ ညီနန္ဒ တို့အပြင် နောက်ထပ် ဇာတ်ပို့ သရုပ်ဆောင်များကလည်း ပါဝင်သရုပ်ဆောင် ခဲ့ကြတာ တွေ့ရပါတယ်။



အဆိုပါ music video ထွက်ရှိလာပြီးနောက်မှာတော့ music video မှာပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင် ၊ သရုပ်ဆောင် ညီနန္ဒ နဲ့တေးသံရှင် ချမ်းချမ်း အပါအဝင် အနုပညာရှင်အချို့က သူတို့အနေနဲ့ အခုလိုပုံစံမျိုးရိုက်ကူးလိမ့်မယ်လို့ လုံးဝမသိရှိခဲ့ဘူးလို့လည်း ပြန်လည်ဖြေရှင်းထားကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး music video ထဲမှာပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းမောင်က သူ့ရဲ့ သဘောထားကို အခုလိုပွ့င်ပွင့်လင်းလင်းပြောပြလာပါတယ်။” ကျေနပ်လို့ဝင်ရိုက်ကြပြီးတော့မှလူတစ်ယောက်ထဲကိုပဲအပြစ်ပုံချနေကြတာမြင်ရတာ စိတ်မကောင်းဘူး။ အဲ့သီချင်းလိုင်းပေါ်မတင်ခင်တူတူထိုင်ကြည့်ခဲ့ကြတာ။ ၂ ခါတောင်အစအဆုံးထိုင်ကြည့်ခဲ့ကြတာ။



သီချင်းမှာပါဖို့ကိုလဲ ဘယ်သူ့ကိုမှ အတင်းကြိုးတုတ်ပြီးရိုက်ခိုင်းခဲ့တာမှမဟုတ်တာ ” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ဒါ့အပြင် ” အောင်မြင်ခဲ့ရင် ပွဲဝင်ခံမယ်။ အဆဲခံရရင်ငါမပါဘူးဆိုတဲ့အကွက် အဟက် ” ဆိုပြီးတော့လည်းဆက်လက်ရေးသားထားပါသေးတယ်။တေးသံရှင် ယုန်လေးစီစဉ်တဲ့ “ငါတို့ အားလုံးရဲ့ မြေ”သီချင်းရဲ့ music video ဟာဝေဖန်မှုများစွာကြုံတွေ့ရပြီးနောက်မှာတော့ ပြန်လည်ဖျက်ချပေးခဲ့ရတယ်လို့လည်းသိရပါတယ်။
- Mg Kaung