“အောင်ဆန်း ” ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများကို August ၅ ရက်နေ့တွင် ပြန်လည်ရိုက်ကူးနေပြီကြောင်း အောင်ဆန်းရုပ်ရှင်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။ ရုပ်ရှင်ပြန်လည်ရိုက်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ပြန်လည်ရိုက်ကူးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။


ပရိသတ်များနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရွှေတိဂုံစေတီတော်ပိတ်ရက်အတွင်း ရိုက်ကူးခွင့်ရနိုင်ပါရန် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့် ညှိနှိုင်းခွင့်ပြုချက်ရယူပြီး ( ၂ )နာရီခန့် ရိုက်ကူးခဲ့ကြောင်းသိရပါတယ်။”အခုရိုက်ကူးရေးကပြန်စတော့မယ်။ ထွေထွေထူးထူးတော့ ဘာမှမရှိပါဘူး။ စည်းကမ်းနဲ့အညီရိုက်ကူးရေးလုပ်မယ်” ဟု အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးမှတာဝန်ရှိသူ ဒါရိုက်တာ အကယ်ဒမီ လူမင်းကပြောကြားခဲ့ပါတယ်။



အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးကို COVID-19 ဖြစ်ပွားနေတဲ့ကာလအတွင်း ရပ်နားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ( ဇူလိုင် ၂၇ )ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှရုပ်ရှင်ပြန်လည်ရိုက်ကူးခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။
- Mg Kaung