ရိုက်ကူး​ရေး​တွေပြန်လုပ်ခွင့်ရလို့​ပျော်​နေတဲ့ ​အေးမြတ်သူ

COVID-19 ကူးစက်ရောဂါကြောင့် အနုပညာရှင်များစွာဟာ (၄) လအကြာ ဇာတ်ကားရိုက်ကူးရေးတွေ နားခဲ့ရပါတယ်။ အခုဆိုရင်တော့ ဇာတ်ကားရိုက်ကူးခွင့်တွေ ပြန်ရလာပြီဆိုတဲ့ အပေါ် အနုပညာလောကသားတွေအတွက် သရုပ်ဆောင် အေးမြတ်သူက ဝမ်းသာပီတိဖြစ်ရတယ်လို့ပြောပြလာပါတယ်။

“ ရိုက်ခွင့်တွေ ပြန်ရတဲ့အချိန်မှာ အရမ်းဝမ်းသာတယ်။ အရင်တုန်းကတော့ ရိုက်ခွင့်မရလို့ မရိုက်ရဘူးဆိုတော့ လူတွေက ဘာမှ မတွေးရတော့ဘူး။ အခုကျတော့ စည်းဘောင်လေးနဲ့ ပြန်ရိုက်ရတော့မယ် ဆိုတော့ အရမ်းဝမ်းသာတယ်။ အရင်တုန်းကလည်း ဇာတ်ကားတွေ ပြန်ရိုက်ချင်တယ်လို့ ပြောခဲ့ဖူးတယ်။ လုပ်ခွင့်ရပြီဆိုတော့ ဘယ်လို လုပ်လို့ရမလဲဆိုတဲ့ မျှော်လင့်ချက်လေးတွေ ပါလာပြီဆိုတော့ တာဝန်ရှိတဲ့ လူကြီးတွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။အေးမြတ်သူဟာ ရုပ်ရှင်ရိုက်ကူးခွင့်တွေ ရလာပေမယ့် COVID-19 ကာလမကုန်သေးတာကြောင့် ဂရုတစိုက်နေထိုင်ရဦးမယ်လို့ သူက ဆိုပါတယ်။

” နိုင်ငံခြားမှာဆိုရင် Studio ထဲမှာ ရိုက်တယ်၊ ပြီးရင် အနီးအနားမှာရှိတဲ့ ဟိုတယ် တစ်ခုခုမှာ အားလုံး စုပြီးတည်းကြတယ်။ မြန်မာပြည်မှာကကျတော့ အားလုံး အလုပ်လုပ်တယ်၊ လုပ်ပြီးရင် အိမ်ပြန်ကြတယ်။ ဟိုတယ်မှာနေဆိုပေမယ့်လည်း ထပြန်ချင် ပြန်နိုင်ကြတာပဲဆိုတော့ Safty မဖြစ်ဘူး။ ကိုယ်ထင်တာ ပြောရမယ်ဆိုရင် တစ်နေရာကိုပဲ အားလုံးသွားပြီး အဲဒီက ဟိုတယ်မှာပဲ တည်း၊ Group နဲ့ နေမယ် ဆိုရင်တော့ ပိုကောင်းမယ်လို့ ထင်တာပါပဲ” လို့ သူမရဲ့အမြင်ကို ဆက်လက် ပြောပြသွားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.