နိုင်ငံ​ရေးအရှုပ်အရှင်းလုံးဝမရှိဘူးလို့ဆိုလာတဲ့ သရုပ်​ဆောင် ညီနန္ဒ

တေးသံရှင်ယုန်​လေး ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ ” စည်းလုံးသင့်ပြီမြန်မာပြည် ” သီချင်းရဲ့ music video ဟာ လက်ရှိမှာ လူစိတ်ဝင်မှုအများဆုံးနဲ့​ဝေဖန်အခံရဆုံးဖြစ်လို့​နေပါတယ်။ အဆိုပါ music video ထဲမှာပါဝင်သရုပ်​​​ဆောင်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးသရုပ်​ဆောင်ညီနန္ဒက အခုလို​ပြောပြခဲ့ပါတယ်။” သရုပ်​ဆောင်ဖို့လာပြီး​ပြောတဲ့အချိန်မှာ​ပျော်သွားတယ်။ ဘာလို့လဲဆို​တော့ အကိုတို့​တွေက အနုပညာတအားလုပ်ချင်ကြတဲ့သူ​တွေကိုး။

ပါမယ့်သူ​တွေ​ပြောပြ​တော့လည်းအများကြီးပဲ​ပေါ့​နော်။သီချင်းအ​ကြောင်း​လေးလည်း သူ​ပြောပြတယ်။ အကို့ကိုလည်းနား​ထောင်ဖို့သူ​ပေး​တော့ နား​ထောင်ကြည့်လိုက်တယ်။ သီချင်းရဲ့ မက်​ဆေ့ခ်ျက​တော့ အားလုံးနား​ထောင်ကြည့်ရင်သိမှာပါ။ စည်းလုံးဖို့ဆို​​တော့ .. ဒါဆို အို​ကေတယ်။ ပါတဲ့သူ​တွေအားလုံးကလည်း အနုပညာ​မောင်နှမ​တွေဆို​တော့ မရိုက်ရတာကြာပြီဆို​တော့ ရိုက်ဖြစ်သွားတာပါ ” လို့ ညီနန္ဒက​ပြောပါတယ်။သူ့အ​နေနဲ့ ဒီလို Music Video ထဲမှာပါဝင်သရုပ်​ဆောင်ခဲ့တာဟာ အနုပညာအလုပ် လုပ်ရုံသက်သက်သာဖြစ်ပြီး ဘာနိုင်ငံ​ရေးသ​ဘောမှမပါဘူးလို့လည်း သူကဆက်လက်​ပြောပြပါ​သေးတယ်။

“ကျွန်တော့်ရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ဘာမှ အရှုပ်အရှင်း မရှိခဲ့ဖူးဘူး…အခုလည်းရှုပ်ဖို့စိတ်ကူးမရှိဘူး။နောင်လည်းအဲ့လိုလုပ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ဒီအ​​ခြေအ​နေမှာ​တော့ဒီလို​လေးဖြစ်သွားတဲ့အ​ပေါ်မှာ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး။ ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ချင်ပါတယ်။ ​​နောက်ဒီလိုမျိုးမဖြစ်​အောင် အတတ်နိုင်ဆုံး အ​​ကောင်းဆုံးသတိထားပြီးဆင်ခြင်မယ်ဆိုတာပဲ အကို​ပြောချင်ပါတယ် ” လို့ ညီနန္ဒကဆိုပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.