မြန်မာပြည်ဖွား ဂျပန်တေးသံရှင်တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းကိုတော့ ပရိသတ်တွေက အဝင်းလို့ ချစ်စနိုးနဲ့ခေါ်ဆိုကြပါတယ်။ အခုအခါမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်အဝင်းတစ်ယောက် အချစ်ကိုရှာဖွေ့ရှိသွားပြီလို့ဆိုပါတယ်။



အဝင်းနဲ့ ဂျပန်မင်းသမီးတစ်လက်ဖြစ်တဲ့ Miyazawa Emma တို့ တွဲနေပီဆိုတဲ့သတင်းတွေကို အခုရက်ပိုင်း ဂျပန်သတင်းအတော်များများမှာ ဖော်ပြခဲ့ကြပါတယ်။ Miyazawa Emma ဟာ ရုပ်ရှင် မင်းသမီးတစ်ယောက်ဖြစ်သလို ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ မြေးဖြစ်တယ်လို့လည်းသိရပါတယ်။ဂျပန်မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ အဝင်းနဲ့ Miyazawa Emma တို့ဟာ အမှန်တကယ်တွဲနေကြတာဖြစ်ပြီး လက်ထပ်ဖို့အထိ ဖြစ်လာနိုင်တယ်လို့လည်း ပြောကြားထားပါသေးတယ်။



အဝင်းရဲ့လက်ရှိအသက်ကတော့ ၂၉ နှစ်ဖြစ်ပြီး Miyazawa Emma ကတော့ အသက် ၃၁ နှစ်ဖြစ်တာကြောင့် သူတို့နှစ်ဦးရဲ့ မမနဲ့ မောင်လေး အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေက ကြည်နူးအားကျနေကြပါတယ်။နာမည်ကျော် J-Pop အဖွဲ့ PrizmaX ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အဝင်းဟာ အဖွဲ့ဖျက်သိမ်းပြီးနောက် မကြာသေးခင်ကမှ တစ်ကိုယ်တော်အဖြစ်ပွဲဦးထွက်ခဲ့တာလည်းဖြစ်ပါတယ်။
- Mg Kaung