သရုပ်ဆောင်ညီန္ဒကတော့ သူ့ရဲ့ အနုပညာလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သလို စီနီယာတစ်ဦးလည်းဖြစ်တဲ့ ခန့်စည်သူကို အမြန်ဆုံးအိမ်ထောင်ကျစေချင်ပြီလို့ ဖွင့်ဟလာပါတယ်။“ ကိုခန့်ကိုတော့ အစ်ကိုက အစ်ကိုတစ်ယောက်လို လေးစားတယ်။ ဒါပေမယ့်ပေမယ့် သူ့ကိုတော့ မိန်းမ ယူစေချင်ပြီ။ မိသားစု ဆိုတာက အပူမဟုတ်ပါဘူး။ အခုဆိုရင် အစ်ကို့ရဲ့ အလုပ်၊ မိသားစုလောက်ပဲ။ အစ်ကို့ မိသားစုက အစ်ကို့အတွက် ပျော်စရာပဲ။



သောက်တာ စားတာ မရှိတော့ ပိုက်ဆံတွေလည်း မကုန်တော့ဘူး။ မိသားစုကံကောင်းဖို့လည်း လိုအပ်ပါတယ်။ အစ်ကိုကတော့ မိသားစု ကံကောင်းတယ်” လို့ သူက ဆိုပါတယ်။ ခန့်စည်သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိကြပါတယ်။ ဒါကြောင့် ညီနန္ဒက ကိုခန့်ရဲ့ အိမ်ထောင်ရေးက Surprise လုပ်ခံရမယ်လို့ ထင်တယ်လို့လည်း သူက ဆက်လက် ပြောပြလာပါတယ်။ “ ကိုခန့်ရဲ့ Type ကတော့ ဘယ်တော့မှ ထုတ်ပြောမယ်လို့ မထင်ဘူး။ ယူခါနီးမှသာ ဝုန်းကနဲ ထယူမလား မသိဘူး။ ညီတွေ ညီမတွေကို သူ အံ့သြအောင်ပဲ လုပ်မယ် ထင်တယ်။ ပြီးတော့ သူက ပြည့်စုံတဲ့လူတစ်ယောက်ပါ။



ကိုခန့်ရဲ့ ပင်ကို စိတ်ကိုလည်း မျက်နှာကို မြင်တာနဲ့ သိနိုင်ပါတယ်။ သူ့ကို အားကျတယ်၊ သူ့လို စိတ်ဓာတ်ဖြစ်အောင်လည်း လုပ်ဖို့ လိုအပ်တယ်” ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။သရုပ်ဆောင်ခန့်စည်သူနဲ့ ပတ်သက်ပြီး သူဟာ အိမ်ထောင်ရှိပြီး တိတ်တိတ်ပုန်းကလေးတစ်ယောက်ရထားတယ်ဆိုတဲ့သတင်းတွေမကြာသေးခင်ကာလက ထွက်ပေါ်လာခဲ့ပေမယ့် ကောလာဟလတွေသာဖြစ်ခဲ့ပါတယ်။
- Mg Kaung