တေးသံရှင်ထွန်းအိန္ဒြာဗိုလ် နဲ့ တင်ဇာမော်တို့ရဲ့ Biggest Online Music Show ကိုအကြောင်း အမျိုးမျိုးကြောင့်မကျင်းပဖြစ်ကြောင်း Media Sevenမှ ကိုဝေမင်းမောင်က ပြောပါတယ်။” Biggest Online Muwic Show ဂီတဖျော်ဖြေပွဲကြီးကိုအကြောင်းအမျိုးမျိုးကြောင့်မကျင်းပဖြစ်ပါကြောင်းနှင့်ကျင်းပမည့်ရက်ကို ပြန်လည်အသိပေးသွားမည်ဖြစ်ပါတယ်။



တစ်ခဲနက်စောင့်မျှော်နေကြတဲ့ တေးချစ်သူမိတ်ဆွေများနှင့် ပရိသတ်များကို လေးစားစွာတောင်းပန်ရင်း အသိပေးအပ်ပါသည်’ဟု၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားခြင်း ဖြစ်ပါတယ်။အဆိုတော် ထွန်းအိန္ဒြာဗိုနှင့် တင်ဇာမော်တို့တင်ဆက်မည့် အဆိုပါဂီတဖျော်ဖြေပွဲကို Live တိုက်ရိုက်သီဆို ဖျော်ဖြေမှုတွင် အဆိုတော် ထွန်းအိန္ဒြာဗိုက အဆိုတော်တင်ဇာမော်၏သီချင်းများကို သီဆိုဖျော်ဖြေမည်ဖြစ်ပြီး အဆို တော်တင်ဇာမော်က အဆိုတော်ထွန်းအိန္ဒြာဗို၏သီချင်းများကို သီဆိုဖျော်ဖြေတင်ဆက်ကာ တေးသီချင်းစုစုပေါင်း ၁၅ ပုဒ် ဖျော်ဖြေဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။


အဆိုပါဖျော်ဖြေပွဲပျက်သွားသော်လည်း ဂီတဖျော်ဖြေပွဲကြီးများကိုတောင့်တနေသော မိတ်ဆွေ၊ ပရိသတ်များအတွက် လာမယ့် ၁၄ ရက်နေ့မှာ နာမည်ကြီးအမျိုးသားအဆိုရှင်နှစ်ဦး၏ ဖျော်ဖြေပွဲကိုတင်ဆက်သွားမည်ဖြစ်ကြောင်း ကိုဝေမင်းမောင်က ပြောပါတယ်။အဆိုပါဖျော်ဖြေပွဲတွင် ဖျော်ဖြေမယ့်အဆိုရှင်နှစ်ဦးမှာ အတွဲအဖက်ထူးပြီး လူငယ်ကြိုက်အဆိုတော်နှစ်ဦးဖြစ်ကာ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ကိုဂေမင်းမောင်က ပရိသတ်တွေကိုခန့်မှန်းခိုင်းထားပါတယ်။
- Mg Kaung