ပရိသတ်အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ အကယ်ဒမီသရုပ်ဆောင်ဖွေးဖွေးက သူမကိုယ်တိုင်သီဆိုထားတဲ့ ” ငါ့ကမ္ဘာထဲ ” အမည်ရှိ သီချင်းရဲ့ music video ကို August လ ၂ ရက်နေ့က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဝေမျှခဲ့ပါတယ်။


သီချင်းသီဆိုတာဟာ သူမဘဝမှာလုပ်ဆောင်ချင်နေတဲ့အရာတွေထဲကတစ်ခုဖြစ်ကြောင်းလည်း သူမက ထုတ်ဖော်ပြောကြားထားပါသေးတယ်။” August လမှာ You တို့အတွက် တိတ်တိတ်လေး ပြင်ဆင်ထားတာလေးပါ။ ဖွေးဘဝရဲ့အရမ်းလုပ်ချင်ပြီး မလုပ်ခဲ့ရသေးတဲ့အရာ My very very 1st music video of my song ” ဆိုပြီး ဖွေးဖွေးက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။



ဖွေးဖွေးရဲ့ ပထမဆုံးသီချင်းဖြစ်တဲ့ ” ငါ့ကမ္ဘာထဲ ” သီချင်းကို ထွန်းနောင်ဆင့်ကရေးသားထားပြီး Music Video ကိုတော့ ဒါရိုက်တာပွင့်သိင်္ဂီဇော်က ရိုက်ကူးပေးကာ Art ဒါရိုက်တာအဖြစ် The Alpaha T က တာဝန်ယူထားတယ်လို့သိရပါတယ်။
- Mg Kaung