တေးသံရှင် တန်ခွန်ကျော် နဲ့ အမာခံပရိသတ်များ ဖြစ်ကြကြတဲ့ တန်ဂိုများက နာဂဒေသရှိ ကျေးရွာသုံးရွာမှ ကျောင်းသားများအတွက် နှာခေါင်းစည်းအခုရေ ၅၀၀ ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လှူဒါန်းခဲ့ကြောင်း သိရပါတယ်။



COVID-19ဖြစ်ပွားနေတဲ့ ကာလအတွင်း တန်ခွန်ကျော်နဲ့ ၎င်းရဲ့ အမာခံပရိသတ်များဖြစ်ကြတဲ့ တန်ဂိုများက အကူအညီလိုအပ်နေတဲ့နေရာဒေသများသို့ သွားရောက်၍ လိုက်လံ လှူဒါန်းပေးနေခြင်းဖြစ်ပြီး လှူဒါန်းလိုသူများအနေနဲ့လည်း ၎င်းတို့အား ဆက်သွယ် လှူဒါန်းနိုင်ကြောင်း တန်ခွန်ကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်း တန်ခွန်ကျော်နဲ့ပရိသတ်များက န၀မအကြိမ် အဖြစ် YGW မိဘမဲ့ကလေးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။




တေးသံရှင် တန်ခွန်ကျော်ကတော့ Myanmar Idol ( Season 4 ) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလမ်းပေါ်လျှောက်လှမ်းလာခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အဆိုတော်မဖြစ်ခင် ပြိုင်ပွဲကာလမှာကတည်း ပရိသတ်အခိုင်အမာရရှိထားတာဖြစ်ပြီး အခုလို ကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့အတူ အလှူအတန်းတွေပြုလုပ်နေတာဖြစ်ပါတယ်။
- Mg Kaung