နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ COVID-19 သူရဲကောင်းများအတွက် ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ဦး​ကျော်သူ

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ COVID -19 ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးကာလတွင် ကိုယ်ကျိုးစွန့်၍ အများပြည်သူတို့၏ ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးခဲ့ကြတဲ့ သူရဲကောင်းများအတွက် ကျေးဇူးတင် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

COVID-19 ရောဂါထိန်းချုပ်ရေးကာလမှာ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဥက္ကဌ ဦးကျော်သူ ဦးဆောင်ပြီး ရုပ်ရှင်သရုပ်ဆောင်များဖြစ်တဲ့ ထွန်းကိုကို ၊ စွမ်းထက် ၊ ဇွဲလရောင်၊ ရွှေပိုးအိမ် တို့နှင့်အတူ COVID-19 ထိန်းချုပ်ရေးအဖွဲ့ ၊ ဈာပနဌာန ၊ K-AMBULANCE အရေးပေါ်ကယ်ဆယ်ရေးဌာန ၊ နာကူသီးသန့်မီးသတ်တပ်ဖွဲ့ ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၊ သုခကျောက်ကပ်သွေးသန့်စင်ဌာန ၊ သုခအလင်းပညာဒါနကျောင်း ၊ အမှုဆောင်အဖွဲ့ ၊ အလှူခံဌာန ၊ ငွေစာရင်းဌာန ၊ ပြန်ကြားရေးဌာန ၊ မော်တော်ယာဉ်ဌာန ၊ မှတ်တမ်းရေးရာဌာန အားလုံးသော စေတနာ့ဝန်ထမ်းများ နဲ့ နေ့အလိုက် စေတနာ့လုပ်အားပေး အားလုံးဟာ ညီညွတ်စွာနဲ့ COVID -19 ကပ်ရောဂါဆိုးကြီးအား မေ့ဖျောက်ကာ အများပြည်သူတို့၏ ကျန်းမာရေးကို အဓိကထားကာ မြို့နယ်များ ၊ ရပ်ကွက်များ ၊ လမ်းများမကျန် ပိုးသတ်ဆေးဖြန်းပေးခဲ့ခြင်း ၊ ဆေးရုံကြီးများတွင် ပိုးသတ်ဆေးများဖြန်းပေးခဲ့ခြင်း ၊Quarantine Centre များသို့ ပိုးသတ်ဆေးများဖြန်းပေးခဲ့ခြင်း ၊ နေရပ်ပြည် ပြည်သူများအား Quarantine Centre အသီးသီးသို့ ပို့ဆောင်ပေးခဲ့ခြင်း များကို နေ့ညမပျက် ပါဝင်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့​ကြောင့် အဆိုပါသူရဲကောင်းများအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျေးဇူးအထူးတင်ရှိကာ အမှတ်တရဖြစ်စေရန် အခုလိုဂုဏ်ပြုပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.