သရုပ်ဆောင် ဂျူဂျူးကေကတော့ အလှမယ်တစ်ဦးအဖြစ်ကနေ သရုပ်ဆောင်လိုင်းဘက်ကို ကူးပြောင်းလာခဲ့သူပါ။သူမဟာ ရုပ်ရှင်ဗွီဒီယိုဇာတ်ကားတွေ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေပေးတဲ့နေရာတစ်နေရာကို အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်။


သူမဟာ သရုပ်ဆောင်ပညာအပြင် တယောတူရိယာကိုလည်းကျွမ်းကျင်စွာ တီးခတ်တတ်တဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီဂီတဖျော်ဖြေဖွဲအချို့ နဲ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွေမှာလည်း သူမ တတ်ကျွမ်းတဲ့ တယောပညာရပ်နဲ့ ပါဝင်ဖျော်ဖြေနေသူလည်းဖြစ်ပါတယ်။အခုအခါမှာတော့ ဂျူဂျူးကေက နိုင်ငံတကာ တယောပြိုင်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့တယ်လို့သိရပါတယ်။နိုင်ငံတကာမှဂီတပညာရှင်များဖြင့်ဖွဲ့စည်းထားတဲ့”Music Society of Myanmar” ရဲ့ (၄)ကြိမ်မြောက် Music Festival & Competitionပွဲ ကိုပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ က်နေ့ကနေ ဇူလိုင်လ၂၅ ရက်အထိ အွန်လိုင်းမှ တဆင့်ကျင်းပပြုလုပ်ခဲ့ပါတယ်။


အဆိုပါပွဲတော်မှာမြန်မာ့စောင်း၊အနောက်တိုင်းဂီတတူရိယာပြိုင်ပွဲများနဲ့တယောပြိုင်ပွဲလည်းပါဝင်ခဲ့ကြောင်းသိရပါတယ်။တယောပြိုင်ပွဲမှာမိမိနှစ်သက်ရာWestern Classical Music ကို တယောလက်စွမ်းပြကာ Onlineမှဝင်ရောက်ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာရုပ်ရှင်သရုပ်ဆောင်ဂျူဂျူးကေက Bronze Award (ကြေးတံဆိပ်ဆု)ကိုဆွတ်ခူးရရှိခဲ့ကြောင်းသိရပါတယ်။
- Mg Kaung