ခန့်စည်သူကို ​လေးစားအားကျတယ် ဆိုတဲ့ ခွန်းဆင့်​နေခြည်

ခွန်းဆင့်နေခြည်ကိုတော့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ မိုင်တိုင် ၇၆ ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကလည်းပရိသတ်အားပေးမှုများစွာနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။အခု နောက်ပိုင်းမှာ သရုပ်​ဆောင်အလုပ်ထက် ဒါရိုက်တာအလုပ်ကို ပိုပြီး အာရုံစိုက်လာတဲ့ ခွန်းဆင့်​နေခြည်က သူမရဲ့ အနုပညာလုပ်​ဖောက်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ သရုပ်​ဆောင် ခန့်စည်သူဦး​​ဆောင်တဲ့ ​မေတ္တာသင်္ဂဟ အဖွဲ့မှာလည်း ပရဟိလုပ်ငန်း​တွေ ပါဝင်​ဆောင်​နေသူပါ။

သူမအ​နေနဲ့ မေတ္တာသင်္ဂဟအဖွဲ့မှာ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတည်းက ပါဝင်ခဲ့တဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။ ” အစ်မက လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကတည်းက မေတ္တာသင်္ဂဟ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ အလှူအတန်းတွေ အတူတူ လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းကျတော့ နည်းနည်းလေး အလှမ်းဝေးသလိုလေး ဖြစ်သွားတော့ သိပ်မပါဝင်ဖြစ်တော့ဘူး။ ကိုခန့်ဆောင်ရွက်တဲ့ အလှူအတန်းတွေတိုင်းမှာ အနုပညာမောင်နှမတော်တော်များများကလည်း အနောက်ကနေ ပါဝင်လာတော့ ကိုခန့် ကိုယ်တိုင်လည်း အားရှိတယ်၊ မောင်နှမတွေကလည်း အားဖြည့်ပေးတဲ့ သဘောပေါ့” လို့ဆိုပါတယ်။ ဒါ့အပြင် ခန့်စည်သူရဲ့ ပရဟိတလုပ်​​ဆောင်ချက်​တွေအ​ပေါ် ​လေးစားမိတဲ့အ​ကြောင်းကိုလည်း“ ကိုခန့်က ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး မေတ္တာသင်္ဂဟ ဖွဲ့ထားတာ တော်တော်ကြာပြီ။

သူက အလှူအတန်းလည်း အရမ်းလုပ်နိုင်တယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာလည်း သူတတ်နိုင်သလောက် ဖြည့်ဆည်းပေးနေတာ အစ်မတို့လည်း တွေ့နေရတာပဲ။ ကိုယ်တိုင်မပါဝင်ဖြစ်ပေမယ့် ကိုခန့်ရဲ့ လုပ်ဆောင်ချက်လေးတွေကို တွေ့နေတော့ လေးလည်းလေးစားတယ်၊ အားကျတယ်။ အစ်မက တကယ်ကို ထဲထဲဝင်ဝင်မလုပ်နိုင်သေးဘူး” လို့ သူမက ဆက်လက်​ပြောပြသွားခဲ့ပါတယ်။ခွန်းဆင့်​နေခြည်ဟာ ကာယအလှမယ်တစ်ဦးအဖြစ်က​နေ သရုပ်​ဆောင်​လောကထဲကို ​ရောက်ရှိလာခဲ့သူဖြစ်ပြီး အဆို​တော်တစ်​ယောက်အဖြစ်နဲ့ ​တေးသီချင်း​ခွေ ထွက်ရှိခဲ့ဖူးပါတယ်။ လက်ရှိမှာ​တော့ ပြည်ပမှာ​နေထိုင်ရင်း ရုပ်ရှင်ပညာကို​လေ့လာဆည်းပူးကာ ဒါရိုက်တာတစ်​ယောက်အဖြစ်ရပ်တည်ဖို့လုပ်​​ဆောင်လာတာကိုလည်း​တွေ့ရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.