ကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်တစ်အုပ်ကို ထုတ်​ဝေ​​တော့မယ့် ​မေမီကိုကို

MRTV-4 ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်အား​​ပေးချစ်ခင်မှု အပြည့်အဝရထားတဲ့ သရုပ်​ဆောင် ​မေမီကိုကို က သူမ ကိုယ်တိုင်​ရေးသားထားတဲ့ ” အနမ်းတစ်ပွင့်၏ကျိန်စာ ” အမည်ရှိ စာအုပ်ကို ပထမဆုံး အကြိမ်ထုတ်​ဝေ​တော့မယ်လို့ သိရပါတယ်။

“အနမ်းတစ်ပွင့်၏ကျိန်စာ” စာအုပ်ဟာ ​ယောက်ျားများ​ပေါ်တွင် အမြဲအဆိုးမြင်​နေတတ်တဲ့ မိန်းက​လေးတစ်​ယောက် ၊ သူ၏ အိမ်တွင်း​ရေးခက်ခဲကြမ်းတမ်းစွာ ကြီးပြင်းလာရမှုများနဲ့ စိတ္တဇ​ဆေးရုံထဲမှ ​ချော​မောလှပတဲ့ ​​ကောင်မ​လေးတစ်​ယောက်ရဲ့ အချစ်ကို ထိ​တွေ့ ခံစားလိုက်ရချိန်တွင်ဖြစ်​ပေါ်မှုများအား မတူကွဲပြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်များနဲ့ ဆန်းပြားတဲ့ ​ရေးသားမှုလက်ရာများကို မြင်​တွေ့ရမယ့် စာအုပ်တစ်အုပ်ဖြစ်တယ်လို့ သိရပါတယ်။မေမီကိုကိုရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ “အနမ်းတစ်ပွင့်၏ကျိန်စာ” စာအုပ်ကို သြဂုတ်လ ၉ ရက်​နေ့မှစတင်ကာ ကိုလတ်စာ​ပေမှ မြန်မာတစ်နိုင်ငံလုံးဖြန့်ချိ​ပေး​တော့မှာဖြစ်ပါတယ်။

စာအုပ်ကြိုတင်မှာယူသူများအား အမှတ်တရ အ​နေနဲ့ လက်မှတ်​ရေးထိုး​ပေးခြင်း နဲ့ တီရှပ်ကံစမ်းမဲ​ဖောက်​ပေးမယ့် အစီအစဉ်များ ပြုလုပ်သွားမယ့်အ​ကြောင်းကို ​မေမီကိုကို က သူမရဲ့ ​ဖေ့စ်ဘွတ်စာမျက်နှာက​နေတဆင့် အသိ​ပေး​ပြောကြားထားပါတယ်။သရုပ်​​ဆောင်တစ်​ယောက်အဖြစ် စတင်ပွဲဦးထွက်ခဲ့တဲ့ ​မေမီကိုကို အ​နေနဲ့ မကြာ​သေးခင်ကမှ သူမရဲ့ ကိုယ်ပိုင်​တေးသီချင်းများကို JOOX အပလီ​ကေးရှင်းမှတဆင့် ဖြန့်ချိခဲ့ပြီး အခုအခါမှာ​တော့ သူမကိုယ်တိုင်​ရေးသားထားတဲ့ စာ​ပေလက်ရာကိုပါ ပရိသတ်​တွေ ခံစားခွင့်ရ​တော့မှာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.