မင်းရာဇာအမှုမှာ အိမ်အကူမိန်းကလေးကို နောက်ယောင်ခံထောက်လှမ်းမှုများရှိနေကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။ထို့ကြောင့် အမှုနှင့်ပတ်သက်ပြီး မီဒီယာသမားတွေနဲ့ အင်တာဗျူး ဖြေဆိုတော့မှာ မဟုတ်တော့တဲ့အကြောင်းလည်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ ” အမှုမှာ အိမ်အကူမိန်းကလေး ရှိတဲ့လိပ်စာကို လိုက်နေပြီ။


မင်းရာဇာဘက်ကနေ ဒီကလေးမလေးရှိတဲ့ လိပ်စာကိုလျှို့ဝှက်ထောက်လှမ်းတာတွေ အထောက်အထားရထားပါတယ်။ ဒါကြောင့် လုံးဝ အင်တာဗျူးတွေ မဖြေတော့ဘူး”ဟု ဦးရောဘတ်စန်းအောင်က ပြောပါတယ်။သရုပ်ဆောင်မင်းရာဇာ၊ ၎င်းရဲ့ ဇနီး မဖူးငုံပွင့်နှင့် ယာဉ်မောင်းဖြစ်သူ အောင်လွင်စိုးတို့အား ပုဒ်မ-၃၂၆/၃၄ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ၊ အကြံတူတစ်ခုကို အထမြောက်အောင်ပြုခြင်း) ဖြင့် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ တရားစွဲဆိုထားတာဖြစ်ပါတယ်။


အလားတူပင် မင်းရာဇာ၏ ယောက္ခမဖြစ်သူ ရဲဝန်ထမ်း ဦးမောင်မောင်အေးကိုလည်း ပုဒ်မ-၃၂၅ (မိမိ အလိုအလျောက်နာကျင်စေမှု)ဖြင့် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ပင် တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ငွေကျပ် ၁၀ သိန်း နဲ့ အာမခံ ရရှိသွားခဲ့တာဖြစ်ပါတယ်။
- Mg Kaung