ရှမ်းစား​သောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ထားတဲ့ အ​ကြောင်း​ပြောပြလာတဲ့ စိုင်းစည်တွမ်ခမ်း

စိုင်းစည်တွမ်ခမ်းက​တော့ ​မော်ဒယ်လ်တစ်​ယောက်အဖြစ် အနုပညာ​လောကထဲကို ​​စတင်ခြေချလာခဲ့တဲ့သူပါ။ ​နောက်ပိုင်းမှာ​တော့ သရုပ်​ဆောင်လိုင်းဘက်ကို ကူး​ပြောင်းလာတဲ့အပြင် မကြာ​​​သေးခင်ကလည်း သူ့ရဲ့ တစ်ကိုယ်​တော် သီချင်းအသစ်တစ်ပုဒ်ကို ဖြန့်ချိထားပါ​သေးတယ်။အနုပညာအလုပ်သာမက စီးပွား​ရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်​နေတဲ့ စိုင်းစည်တွမ်ခမ်းက သူ့ရဲ့ သူငယ်ချင်း​တွေနဲ့ ​ပေါင်းပြီး ဘားဆိုင် တစ်ဆိုင်ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတာပါ။

အခုအခါမှာဆိုရင်လည်းသူက သူ့ရဲ့ အမျိုး​တွေနဲ့​ပေါင်းပြီး “လားရှိုးသူ” ဆိုတဲ့ ရှမ်းစား​သောက်ဆိုင်တစ်ဆိုင်ကို ထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။” ဆိုင်က အဓိကက​တော့ ကျွန်​တော့်အမျိုး​တွေ ဖွင့်ကြတာ​ပေါ့။ ကျွန်​တော့်​အ​ဒေါ်​တွေက ဆိုင်မှာချက်တယ်။ ဆိုင်မှာ​တော့ ရှမ်းအစားအ​သောက်​တွေ အဓိကရတာ​ပေါ့။ ရှမ်း​ခေါက်ဆွဲတို့ ၊ ရှမ်းထမင်း ဟင်း တို့။ ပြီး​တော့ မာလာရှမ်း​ကောလည်းရပါတယ်။ ဒါ့အပြင်ကိုမှ ရှမ်းထမင်းပုံစားလည်းရတယ်။ ဆိုင်က ​ကျောင်းနဲ့လည်း နီးတယ်။ နဝ​ဒေးလမ်း ၊ ဒဂုံ ၁ ​ကျောင်း အ​ရှေ့မှာဖွင့်ထားတာ။ ကျွန်​​တော်ကိုယ်တိုင်ကလည်း ​ကျောင်းသားဘဝမှာ တက္ကသိုလ်တက်ရင်း ရှမ်းထမင်းပုံစားကိုပဲစားရင်း ​ကျောင်းပြီး ဘွဲ့ရလာတာ။ ကျွန်​တော့်ဆိုင်မှာလည်း ​ကျောင်းသား​တွေ လာစားရင် သင့်တင့်တဲ့ ​ဈေးနဲ့ စားသုံးနိုင်​အောင်လုပ်​ပေးထားတယ်” လို့ဆိုပါတယ်။

ဒါ့အပြင် ဆိုင်မှာက အစားအစာ​တွေကို ရှမ်းလူမျိုးစစ်စစ်​တွေ ချက်ပြုတ်တာ​ကြောင့် ရှမ်းအစားအစာ စစ်စစ်စားချင်တဲ့ ရန်ကုန်ကလူ​တွေ ၊ ရန်ကုန်​ရောက်​​​နေပြီး ရှမ်းအစားအ​သောက်​တွေကို လွမ်း​နေတဲ့ ရှမ်းပြည်ကလူ​တွေ လာစားကြည့်​စေချင်ပါတယ်လို့ သူကဆိုပါ​သေးတယ်။သူ့အ​နေနဲ့ ဟိုးအရင်ကတည်းက အခုလို စား​သောက်ဆိုင်နဲ့ ပတ်သက်တဲ့ စီးပွား​ရေးကို လုပ်ကိုင်လာခဲ့တာဖြစ်ပြီး လက်ရှိကိုဗစ်ကာလမှာ အစားအ​သောက်​ရောင်းချ​နေတဲ့ အနုပညာရှင်​တွေကိုလည်း ဒီအလုပ်နဲ့ပတ်သက်ပြီး အား​ပေးတယ်လို့ဆိုပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.