သရုပ်​ဆောင် သီဟတင်စိုး၏ အိမ်အကူ ခင်မာမြင့်အား ​ထောင်ဒဏ် ( ၇ ) နှစ်ချမှတ်

အိမ်အကူ ခင်မာမြင့်အား ထောင်ဒဏ်(၇)နှစ်နှင့် ပွဲစား ဒေါ်ညိုအား ထောင်ဒဏ်(၅)နှစ်ကျခံရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဇူလိုင် ၃၀ ရက်​နေ့ကတွင်အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။အမိန့်ချမှတ်မှုနှင့်ပတ်သက်၍ ဒေါ်ညို၏ ရှေ့နေ ဦးခင်မောင်တင်က “ပုဒ်မ-၃၈၉ နဲ့ စွဲတဲ့အမှုမှာက ဒေါ်ညိုနဲ့ ခင်မာမြင့်ကို ထောင်ဒဏ် ၅ နှစ် ချပါတယ်။ ခင်မာမြင့်တစ်ဦးတည်းကို ပုဒ်မ-၂၁၁ နဲ့ စွဲတာကတော့ ထောင်ဒဏ် ၂ နှစ်ပေါ့။ စုစုပေါင်းက ခင်မာမြင့်က ထောင်ဒဏ် ၇ နှစ်၊ ဒေါ်ညိုက ထောင်ဒဏ် ၅ နှစ်ပါ” လို့ ​ပြောဆိုပါတယ်။

တရားရုံးမှ ပြစ်ဒဏ်ချမှတ်ရတဲ့ အကြောင်းအရင်းနှင့်ပတ်သက်၍ အမိန့်စာ ကူးယူဖတ်ရှုပြီးမှသာ ဖြေကြားနိုင်မည်ဖြစ်ကြောင်း ဦးခင်မောင်တင်က ပြောပါတယ်။”အမှုမှာ ဘာကြောင့် အမိန့်ချတယ်။ ဘယ်လိုကွဲလွဲချက်တွေရှိတယ်ဆိုတာကတော့ တရားရုံးအမိန့်စာကို ကူးယူဖတ်ရှုပြီးမှပဲ ဖြေလို့ရပါလိမ့်မယ်”ဟု ရှေ့နေ ဦးခင်မောင်တင်က ပြောပါတယ်။ပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံတက်ရန် အမှုသည်ဘက်မှ ဆန္ဒရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှေ့နေ ဦးခင်မောင်တင်က ဆက်လက်​ပြောပြပါတယ်။အဆိုပါအမှုတွင် ခင်ပွန်းဖြစ်သူ သီဟတင်စိုးကို မုဒိမ်းမှုနှင့် လီဆယ်အမှုဖွင့်ကာ ခြိမ်းခြောက်ငွေတောင်းသည်ဟုဆိုကာ သရုပ်ဆောင်ဇင်မာဦးက တရားလိုပြုလုပ်၍ အိမ်အကူ ခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုကို ပုဒ်မ- ၃၈၉ ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။

ထို့ပြင် အိမ်အကူခင်မာမြင့်ကို သုဝဏ္ဏနယ်မြေရဲစခန်းက တရားလိုပြုလုပ်၍ လိမ်လည်တိုင်တန်းမှု ပုဒ်မ-၂၁၁ ဖြင့်လည်း စွဲဆိုခဲ့တာဖြစ်ပါတယ်။အမှုတွင်တရားလိုဘက်မှ သီဟတင်စိုးအပါအဝင်သက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူဘက်မှ သက်သေ ၄ ဦးကို စစ်ဆေးခဲ့ပါတယ်။အဆိုပါအမှုမှ တရားလိုပြသက်သေများအား စစ်ဆေးပြီး တစ်နှစ်ကျော်အကြာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ခင်မာမြင့်နှင့် ဒေါ်ညိုအား မူလပုဒ်မများဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.