ဧရာဝတီလင်းပိုင်​တွေကို ထိန်းသိမ်းကာကွယ်ဖို့ တိုက်တွန်းလိုက်တဲ့ သရုပ်​ဆောင် ​ဒေါင်း နဲ့ နန်းစန္ဒာလှထွန်း

မျိုးသုန်း​ပျောက်ကွယ်လုနီးပါး သတ္တဝါအဖြစ် သတ်မှတ်ခံထားရတဲ့ ဧရာဝတီလင်းပိုင်များအား ကာကွယ်ထိန်းသိမ်း​စောင့်​ရှောက်ကြရန်လှုံ့​ဆော်တဲ့ အွန်လိုင်းကမ်ပိန်းအစီအစဉ်မှာ သရုပ်​​ဆောင် ​ဒေါင်း နဲ့ နန်းစန္ဒာလှထွန်းအပြင် အခြားအနုပညာရှင်များစွာလည်း ပါဝင်လာကြတာကို​တွေ့ရပါတယ်။ဧရာဝတီလင်းပိုင်များအား ကာကွယ်ထိန်းသိမ်းတဲ့အ​နေဖြင့် #saveirrawaddydolphin ဟု ​ရေးသားကာ ကိုယ်တိုင်​ရေးဆွဲထားတဲ့ ဧရာဝတီလင်းပိုင်ဓါတ်ပုံများကို သရုပ်​ဆောင် ​ဒေါင်း နဲ့ နန်းစန္ဒာလှထွန်းတို့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာ​တွေ​ပေါ်မှာဖြန့်​ဝေခဲ့တာပါ။

” အဲ့ဒီချစ်စရာ ဧရာဝတီလင်းပိုင်ပုံလေးကို သူတို့လေးတွေကိုချစ်တဲ့စိတ်နဲ့ ကျွန်တော်ကိုယ်တိုင်ဆွဲထားတာပါ။ အဲ့လိုပဲ ဧရာဝတီလင်းပိုင်လေးတွေကိုချစ်ကြတဲ့ သူများကလည်း လင်းပိုင်ပုံလေးတွေကို ကိုယ်တိုင်ဆွဲပြီး မိမိ account မှာ profile လေးတွေချိန်းကြရအောင်ဗျ ” ဆိုပြီး #saveirrawaddydolphin ဆိုတဲ့ hashtag စာသားနဲအတူ သရုပ်​ဆောင် ​ဒေါင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်ခဲ့တာဖြစ်ပါတယ်။သရုပ်​ဆောင် နန်းစန္ဒာလှထွန်းကလည်း “ဧရာဝတီ လင်းပိုင်လေးတွေကို ကာကွယ်ထိန်းသိမ်းကြရအောင်။လင်းပိုင်လေးတွေ ဘယ်လောက်ထိတောင် ချစ်ဖို့ကောင်းလိုက်လဲ။ ကိုဒေါင်းတင်ထားတာမြင်ပြီး နန်းနန်းလည်းမနေနိုင်တာနဲ့ ချစ်စရာလင်းပိုင်ပုံလေး ကို ကိုယ်ဆွဲတတ်သလိုလေး လိုက်ဆွဲဖြစ်တာပါ။

ဧရာဝတီလင်းပိုင်းလေးတွေရဲ့ပုံကို ကိုယ်တက်သလောက်လေးဆွဲပြီး မျိုးသုဉ်းမပျောက်ကွယ်သွားဖို့ #saveirrawaddydolphin ဆိုပြီး ပုံလေးနဲ့အတူ hashtag လေးတွဲပြီးတူတူပါဝင်ကြဖို့ အားလုံးကို challenge ခေါ်ပါတယ်နော် ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်ထားခဲ့ပါတယ်။ယခုကာလအတွင်း ​ရှော့တိုက်ငါးဖမ်းရာမှတဆင့် ​သေဆုံးသွားရတဲ့ ဧရာဝတီလင်းပိုင် ဓါတ်ပုံ​များ လူမှုကွန်ရက်စာမျက်နှာ​တွေ​ပေါ်မှာ ပျံ့နှံ့​နေပြီး အနုပညာရှင်များစွာက ဧရာဝတီလင်းပိုင်များအား ထိန်းသိမ်းကာကွယ်မှုပြုလုပ်ကြဖို့ လှုံ့​ဆော်တိုက်တွန်းထားကြပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.