တေးသံရှင် ထူးအယ်လင်းကတော့ မြန်မာနိုင်ငံရဲ့ ဝါရင့် တေးသံရှင် တစ်ဦးဖြစ်ပြီး လက်ရှိအချိန်အထိ အောင်မြင်မှုတွေ ရရှိထားတာဖြစ်တယ်။ဂီတလောက နဲ့ ပက်သက်ပြီး လက်ရှိခေတ် နဲ့ အရင်ခေတ်ရဲ့ ကွာခြားပုံအပေါ် ထူးအယ်လင်းက သူ့ရဲ့ အမြင်ကို ပြောပြလာပါတယ်။” ဟိုအရင်တုန်းကတော့ အခုလို အိုင်တီခေတ်ကမထွန်းကားသေးဘူးလေ။ စီဒီ တို့ တိပ်ခွေတို့ခေတ်ဆိုတော့ တော်တော်လေး ရုန်းရတာပေါ့။ ကြော်ငြာတာကအစပေါ့။ သွားရလာရတာအဆုံး။ စီစဉ်ရတာတွေရောပေါ့။ စီးရီးတစ်ခွေဖြစ်လာဖို့အတွက်ပေါ့လေ။



ဒီခေတ်ကျတော့ အိုင်တီခေတ်ဆိုတော့ ပိုသွက်တာပေါ့။ ပိုပေါ့တာပေါ့။ ပြောချင်တာကတော့ နည်းပညာတွေ ထွန်းကားလာတဲ့အချိန်မှာ အားလုံးက လုပ်ပိုင်ခွင့် ၊ ဖြစ်ပိုင်ခွင့်တွေရှိလာကြတယ်လေ။ ပိုကောင်းလာတယ်လို့ပဲ ကျွန်တော်က မြင်ပါတယ် ” လို့ သူက ဆိုပါတယ်။ဒါ့အပြင် အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ cover song တွေ ပြန်လည်သီဆိုလာကြတဲ့အပေါ်မှာလည်း ထူးအယ်လင်းက သူ့ရဲ့အမြင်ကို ဆက်လက်ပြောပြလာခဲ့ပါတယ်။” cover song တွေ ဖျက်လိုဖျက်ဆီးဆိုတာတော့ ကျွန်တော်မကြိုက်ဘူး။ တစ်ပုဒ်ဆိုတစ်ပုဒ်ပဲ သေချာဆို။ နှစ်ပုဒ် တစ်ပုဒ်ရောပြီး ဆိုတာတွေ ဘာတွေ ကျွန်တော်မကြိုက်ဘူး။ ရွံဖို့ကောင်းတယ် ” လို့ ပြောပြလာပါတယ်။



ထူးအယ်လင်းအနေနဲ့ သူရဲ့ သီချင်းတွေကို သူကိုယ်တိုင် cover ပြန်လည်သီဆိုထားတာတွေကို စုစည်းပြီး အယ်လ်ဘမ်တစ်ချပ် ထုတ်ဖို့ ပြင်ဆင်နေသလို ပရိသတ်တွေအတွက် သီချင်းချိုချိုလေးတွေပဲ ဖန်တီးနေရတာ ငြီးငွေ့လာလို့ Isolated Force metal band နဲ့ ပေါင်းပြီး သီချင်း အကြမ်းစားတွေ ထွက်လာဖို့ရှိတယ်လို့လည်းသိရပါတယ်။
- Mg Kaung