တေးသံရှင် ပိုပိုကတော့ သူမရဲ့ ” အရိပ်ကလေးလို ” လို့အမည်ရတဲ့ သီချင်းရဲ့ music video ကို သရုပ်ဆောင် ပိုင်တံခွန် နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ညောင်ရွှေမြို့မှာ သွားရောက် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။” သီချင်းနာမည်က ‘အရိပ်ကလေးလို’…။ ပိုပို့ရဲ့ Million Dreams ကနေ ထွက်ရှိလာမယ့်သီချင်းလေးပေါ့။ အချစ်ဆိုတာ လူသားတွေကိုနုပျိုစေတယ်လေ။



ချစ်သူသာအနားမှာရှိမယ်ဆိုရင် ဘာမဆိုရင်ဆိုင်ရဲတယ်ဆိုတာမျိုး၊ ချစ်သူအနားမှာရှိတဲ့အချိန်တိုင်း ပန်းရနံလေးတွေသင်းနေတယ်၊ စမ်းကျရေစီးသံလေးတွေ ငြိမ့်ညောင်းသာယာနေတယ်ဆိုတာမျိုး၊ ဘယ်လိုပဲဆိုဆို အချစ်ဟာ အရာရာတိုင်းကိုနူးညံသိမ်မွေ့စေတယ်လေ ” လို့ တေးသံရှင် ပိုပိုက ဆိုပါတယ်။”သူလမ်းလျှောက်တိုင်းအရိပ်ကလေးလို….သူချစ်တတ်တဲ့ခွေးလေးတစ်ကောင်လိုမျိုး…သူသွားတိုင်းလွယ်တတ်တဲ့အိတ်လေးလို….သူ့အနားမှာ အမြဲတမ်းရှိပါရစေ…” အစရှိတဲ့ စာသား အနုအရွလေးတွေပါဝင်ပါတယ်။



အဆိုပါသီချင်းရဲ့ Music Video ကိုတော့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့မှာ တေးသံရှင် ပိုပိုက သရုပ်ဆောင်ပိုင်တံခွန်နဲ့အတူ ရှမ်းပြည်နယ်ရဲ့အလှတရားတွေရယ်၊ သရုပ်ဆောင်တွေရဲ့ ရိုမန့်တစ်ဆန်ဆန်ရိုက်ကူးမှုတွေရယ် နဲ့ ပေါင်းစပ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ဒါ့အပြင်သီချင်းလေးရဲ့ နုရွလှပတဲ့စကားလုံးအသုံးအနှုန်းတွေကြောင့် ပရိသတ်နှစ်ခြိုက်ကြဦးမှာပါ။ အားပေးကြပါဦးလို့လည်း ပိုပိုက စကားလက်ဆောင်းပါးခဲ့ပါသေးတယ်။
- Mg Kaung