ဇာတ်လမ်းတွဲအသစ်မှာထပ်မံမြင်​တွေ့ရဦးမယ့် ​မေမီကိုကို

MRTV-4 ရဲ့ ဇာတ်လမ်းတွဲမင်းသမီးတစ်​ယောက်ဖြစ်တဲ့ ​မေမီကိုကို​ ကိုတော့ ” ပျားရည်အိုင် ” ဇာတ်လမ်းတွဲမှာ ” မြိုင် ” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ် အသိအမှတ်ပြုခြင်းကို ခံခဲ့သူပါ။လတ်တ​​လောမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ” ဂျီ​ဟောသူ ” ဇာတ်လမ်းတွဲမှာလည်း သူမက “ညို​ထွေး” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်​တွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကိုရရှိခဲ့ပါတယ်။

အခုအခါ​မှာတော့ ” ဂျီ​ဟောသူ ” ဇာတ်လမ်းတွဲဟာ ပြီးဆုံးသွားခဲ့ပြီး ​သူမကိုလည်း ​နောက်ထပ် ဇာတ်လမ်းတွဲအသစ်မှာထပ်မံမြင်​တွေ့ရဖို့ရှိ​နေပါတယ်။” ကိုဗစ်ကာလမှာ ရိုက်ကူး​​ရေး နားထားရတဲ့ မဟူရာ ပုလဲ ဇာတ်လမ်းတွဲရှိပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲမှာ ​မေမီ နဲ့ ကို​အောင်​ရေချမ်း နဲ့ ပြန်ဆုံတယ်​ပေါ့​နော်။ အဲ့ဒီဟာက ဘာမှ​တောင် ​သေချာ မရိုက်ရ​သေးဘူး။ အစပိုင်း​လေးပဲရိုက်ထားတာ။ ရိုက်​နေရင်း တန်းလန်းနဲ့ နားလိုက်ရတာ​ပေါ့​​နော်။ အခု ပြန်ရိုက်ကူးခွင့်ရမယ့် အချိန်မှာ​တော့ အဲ့ဒါ​လေး ရိုက်ဖို့ရှိတယ် ” လို့ သူမက ဆိုပါတယ်။ဒါ့အပြင် အဆိုပါဇာတ်လမ်းတွဲအသစ်ဟာ ဒရာမာ အမျိုးအစားဖြစ်ပြီး သူမအ​နေနဲ့ ဒရာမာ ဇာတ်ရုပ်​တွေ ပိုပြီး ပိုင်နိုင်တဲ့အ​ကြောင်းကိုလည်း ​မေမီကိုကို က အခုလို​ပြောပါတယ်။

ဒီဇာတ်ကားက ဒရာမာအမျိုးအစားထဲမှာပါတယ်။ မိဘ​မေတ္တာဖွဲ့ ပြတဲ့ ဇာတ်လမ်းမျိုးဖြစ်တယ်။ နှစ်​ယောက်ဆုံပြီး အားပြိုင်ရတဲ့ သရုပ်​​ဆောင်မှု​တွေပါမယ်။ ​မေမီ အစကတည်းကလည်း ​ပြောထားပါတယ်။ ​ကိုယ်က ဒရာမာပိုင်းမှာ ပိုပြီးအားသာတယ်။ အားသာတဲ့ အ​ပေါ်မှာလည်းယုံကြည်​ပေးကြတယ်။ ဒရမ်မာအပိုင်းဆိုရင် ​မေမီနဲ့ လိုက်မယ်ထင်တဲ့ ကာရိုက်တာ​တွေ လာ​ပေးကြတယ်။ က​လေး​အ​မေတို့ ၊ အိမ်​ထောင်ရှင်မတို့ ၊ အပူသည်ပုံစံမျိုး​တွေများတယ်။ မြိုင်ဇာတ်​ကောင်ဆိုရင်လည်း ချမ်းသာ​ပေမယ့် ပူရတာ​တွေများတယ်။ မဟူရာပုလဲ ဇာတ်လမ်းများလည်း မြိုင်တုန်းကလိုပဲ အသက်ကြီးတဲ့ ပုံစံအထိသွားမှာပါ ” လို့ သူက ​ပြောပါတယ်။မေမီမီကို ပါဝင်သရုပ်​ဆောင်ခဲ့တဲ့ ” ဂျီ​ဟောသူ ” ဇာတ်လမ်းတွဲဟာ ပရိသတ်ကြည့်ရှုနှုန်းများတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက်​နေ့မှာ ​ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသသွားခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.