စာ​​ရေးဆရာကြီး ဇဝနရဲ့ ဆိုး​ပေဝတ္ထုကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပြန်လည်ရိုက်ကူးမယ့် ခင်လှိုင်

မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဟာသ သရုပ်​ဆောင် ၊ လူရွှင်​တော်တစ်ဦးဖြစ်တဲ့ ခင်လှိုင်က​တော့ စာ​ရေးဆရာကြီး ဇဝန ရဲ့ တစ်​ခေတ်တစ်ခါက ​အောင်မြင်ခဲ့တဲ့ ဆိုး​ပေ ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ပြန်လ်ာရိုက်ကူး​တော့မယ်လို့သိရပါတယ်။သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးမယ့်အ​ကြောင်းကို ခင်လှိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့် ပရိသတ်​တွေကို အသိ​ပေးထားပါတယ်​။

” ဆရာကြီး ဇဝန ရဲ့ ဝတ္ထုကိုလည်း အရမ်းသ​ဘောကျတယ်။ က​လေးဇာတ်လမ်းတွဲကလည်း မရှိ​သေး​တော့ ကြိုးစားပြီးလုပ်ကြည့်ချင်တာနဲ့ လက်ခံလိုက်တာပါ။ ဘယ်​တော့ရိုက်ရမလဲ မသိ​သေး​ပေမယ့် ကြိုပြီးပြင်ဆင်ထားပါတယ်။ ဒီဇာတ်လမ်းထဲမှာ​တော့ မြန်မာ့ရိုးရာကစားနည်း​တွေ ၊ မြန်မာ​တွေရဲ့ ဓ​လေ့စရိုက်​တွေ ၊ ပွဲ​တော်​တွေ အဲ့ဒါ​တွေကို အဓိကထား ထည့်သွင်း​ဖော်ပြသွားမှာပါ ” လို့ ဒါရိုက်တာ ခင်လှိုင် ( ဥာဏ်ကြီးရှင် ) က ​ပြောပါတယ်။

အဆိုပါဇာတ်လမ်း​တွဲကို​တော့ ဆဲဗင်း​ဒေးက ဇာတ်ညွှန်း​ရေးသားပြီး ဒါရိုက်တာ ခင်လှိုင် ( ဥာဏ်ကြီးရှင် ) က ရိုက်ကူးကာ သရုပ်​​ဆောင်များအဖြစ် ထွန်းထွန်း ၊ ထွန်းဝီရ ၊ ​နောင်ထူး ၊ ပိုင်ဖြိုးသု ၊ သဇင်ထူးမြင့် ၊ ​​​ဇော်ဝင်းနိုင် ၊ ခင်လှိုင် ၊ တက္ကသိုလ် ဂွမ်းပုံ ၊ နန်းခင်​မွှေး ၊ G ဆိုင်းဂျာ နဲ့ အံ့မင်းညို တို့က ပါဝင်မှာဖြစ်ပါတယ်။ဒါ့အပြင် က​လေးသရုပ်​ဆောင်​တွေဖြစ်တဲ့ မင်း​ရွှေ​ရောင်တင် ၊ လပြည့်ထွန်း ၊ သုတ​အောင် ၊ စွမ်းစွမ်း ၊ သူရမြင့်မြတ်​ကျော် ၊ ရှိုင်းဝဏ​အောင် ၊ သုမာန်​​အောင် ၊ အိန်ဂျယ်ဝတ်မှုန်တို့ကလည်း ပါဝင်သရုပ်​ဆောင်သွားမယ်လို့ သိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.