တေးသံရှင် အုပ်စိုးခန့်ကိုတော့ ” ချစ်နေပြီ ” သီချင်းနဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့ကြတာပါ။နောက်ပိုင်းမှာ အဆိုတော်အလုပ်သာမက သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေတဲ့ အုပ်စိးခန့်က မကြာသေးခင်က ” အိပ်မက်တွေမိုးထားတဲ့အိမ် ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားခဲ့ပါသေးတယ်။



သိပ်မကြာခင်မှာဆိုရင်လည်း အုပ်စိုးခန့်က ” ကျွန်မ ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ထပ်မံပါဝင်သရုပ်ဆောင်သွားဖို့ရှိနေတယ်လို့သိရပါတယ်။” ကျွန်မ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ရမယ်ဆိုတော့ တာဝန်တော့ ကြီးတာပေါ့။ အရှေ့က ဇာတ်လမ်းတွဲမှာဆိုရင်လည်း အတွေ့အကြုံမရှိသေးတော့ အမှားတွေအများကြီးရှိခဲ့တယ်။ ကျွန်တော်က စကားပြောမြန်တော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ဟာကိုယ် ပြန်ကြည့်တဲ့အချိန်မှာ အားမရတာတွေ ရှိတယ်။ အရှေ့က အမှားတွေကို ထပ်မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရမှာပေါ့ ” လို့ အုပ်စိုးခန့်က ပြောပါတယ်။



ဒါ့အပြင် သူ့အနေနဲ့ ကိုဗစ်ကာလ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ အသံသွင်းတာတွေသာ လုပ်ဖြစ်နေပြီ သီချင်းခွေအသစ်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။” လောလောဆယ်တော့ ဒုတိယခွေ အတွက် ပြင်ဆင်နေတယ်။ ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ အသံသွင်း တာပဲ လုပ်ဖြစ်နေတယ်။ အခွေကတော့ ခုမှ စပြီးပြင်ဆင်တဲ့ အဆင့်ပဲ ရှိပါသေးတယ် ” လို့ အုပ်စိုးခန့်က ပြောပြသွားခဲ့ပါတယ်။
- Mg Kaung