ဝတ်စုံ​တွေကိုမြင်ရ​သေးရုံ​လောက်နဲ့ပဲ မ​ ဝေဖန်စေချင်ဘူးဆိုတဲ့ ခါရာ

သရုပ်​ဆောင် ခါရာ ပါဝင်သရုပ်​ဆောင်ထားတဲ့ ရင်ခုန်သံ ၇၄ ရက် ဇာတ်လမ်းတွဲဟာ မကြာခင်မှာ ထုတ်လွှင့်ပြသ​တော့မှာဖြစ်ပါတယ်။အဆိုပါဇာတ်လမ်းတွဲရဲ့ teaser video နဲ့ character poster ​တွေဟာလည်း မကြာ​သေးခင် ရက်ပိုင်းအတွင်းကမှ ထွက်ရှိလာခဲ့ပြီး ပရိသတ်​တွေကြားမှာ ​ရေပန်းစား​နေပါတယ်။အထူးသဖြင့် ဒီဇာတ်လမ်းတွဲရဲ့ အဓိက သရုပ်​ဆောင် ခါရာရဲ့ ဇာတ်လမ်းထဲက ကာရိုက်တာ နဲ့ အဝတ်အစား ဒီဇိုင်းဟာ ပရိသတ်​တွေကြားမှာ အ​တော်​လေး လူ​ပြောများ​နေတာပါ။

” ဒီဇာတ်လမ်းတွဲက​တော့ ကိုဗစ်မဖြစ်ခင်က ကျွန်​တော်ရိုက်ထားတာပါ။ အစက​တော့ သင်္ကြန်မတိုင်ခင် လွှင့်မလို့​ပေါ့​​နော်။ ဒီနှစ်က သင်္ကြန်ကလည်း မလုပ်ဖြစ်​တော့ သိပ်မတိုက်ဆိုင်သလိုဖြစ်သွားတာ​ပေါ့။ အမှန်​​တော့ ကိုယ်​တွေက သင်္ကြန်အ​ငွေ့အသက်ပုံစံမျိုး​လေးရိုက်ပြထားတာ။ ဇာတ်လမ်းတွဲက ဇာတ်ညွှန်း​​ရော ၊ ရိုက်ကူးထားတဲ့ ပုံစံ​ရော ၊ အဝတ်အစားဒီဇိုင်း​တွေပါ ဆန်းသစ်တယ်။ ကျွန်​တော်တို့ စိတ်ကူးထဲမှာ လွတ်လပ်စွာဖန်တီးထားပြီး​တော့ မြန်မာရဲ့ အ​ငွေ့အသက်လည်း​ပျောက်မသွား​အောင် ဒီဇိုင်နာနဲ့ ​​သေချာတိုင်ပင်ပြီး ချုပ်ထားတာ။ ဇာတ်လမ်းတစ်ခုလုံးကို ကြည့်လိုက်ရတဲ့အချိန်မှာတော့ ကျွန်​​တော်တို့ ဘာ​တွေလုပ်ထားလဲ ၊ကျွန်​တော်တို့ ဘယ်လို​တွေ​သေချာဖန်တီးထားလဲ ဆိုတာ မြင်​တွေ့ရမှာပါ။ ​လော​​လောဆယ်မှာ​တော့ ပိုစတာမှာမြင်ရတဲ့ ဝတ်စုံ​တွေ​လောက်ကြည့်ပြီး အကဲမဖြတ်​စေချင်ပါဘူး” လို့ ခါရာက ​ပြောပါတယ်။

ရင်ခုန်သံ ၇၄ ရက် ဇာတ်လမ်းတွဲထဲက ခါရာရဲ့ အဝတ်အစားဒီဇိုင်းကို​​တော့ ဒီဇိုင်းနာ သျှတရ က စီစဉ်ချုပ်လုပ်​ပေးထားတာဖြစ်ပြီး ကျပ်သိန်းရာ​နဲ့ချီ အကုန်ချခံချုပ်လုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.