ရုပ်ရှင်ရုံ​တွေ ပြန်ဖွင့်ပါက လက်မှတ်အ​ရေအတွက် ၅၀ ရာခိုင်နှုန်းသာရောင်းချ​​ပေးမည်

ရုပ်ရှင်ရုံ​တွေ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ထိုင်ခုံလက်မှတ်အား ၅၀ ရာခိုင်နှုန်းသာရောင်းချသွားမည် ဖြစ်ကြောင်း မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဋ္ဌ ဦးဇော်မင်းက ပြောကြားပါတယ်​။ယနေ့ နံနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် COVID – 19 ကာလတွင် ရုပ်ရှင်လုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေခြင်း တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ၎င်းကထည့်သွင်းပြောကြားခဲ့တာပါ။

“ရုပ်ရှင်ရုံတွင် ပြန်လှည်ဖွင့်လှစ်လို့ရမယ်ဆိုရင် ရုပ်ရှင်ရုံတွေရဲ့ ထိုင်ခုံ ၅၀ ရာခိုင်နှုန်းလောက်ကိုပဲ ရောင်းချလုပ်ကိုင်မှာပါ။ ပြန်ဖွင့်မယ်ဆိုရင်တော့ ရုပ်ရှင်ရုံလုပ်ငန်းရော၊ ထုတ်လုပ်သူ၊ ဇာတ်ကားပိုင်ရှင်တွေရော ကြည့်ရှုသူပရိသတ်တွေရော အဆင်ပြေသွားမှာပါ” ဟု ဦးဇော်မင်းကဆိုပါတယ်။ထိုသို့ ရုပ်ရှင်ရုံများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်ကိုလည်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြုပြင် မွမ်းမံထားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ​ပြောကြားပါတယ်။

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သုံးပတ်အတွင်း လိုအပ်သည်များကိုလာရောက်စစ်ဆေးပေးသွားမှာဖြစ်ပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါ ဆွေးနွေးပွဲတွင်ထည်သြွင်းပြောကြားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.