ကိုဗစ်ကာလမှာ မြန်မာ့ရုပ်ရှင်ရိုက်ကူးရေးတွေကို ရပ်နားထားခဲ့ရတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။အခုအခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာန နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ရိုက်ကူးရေးတွေ ပြန်လည်လုပ်ဆောင်ခွင့်ပေးလိုက်ပြီလည်းဖြစ်ပါတယ်။



လူငယ်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဝင်းလွင်ထက်ကတော့ ရိုက်ကူးရေးတွေ ပြန်လည်လုပ်ကိုင်ခွင့်ရတဲ့အချိန်မှာ ” အိမ် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးသွားဖို့ရှိတယ်လို့သိရပါတယ်။ဒီဇာတ်ကားမှာ သရုပ်ဆောင် ထွန်းထွန်း ၊ အေးမြတ်သူ ၊ မေသဉ္ဇာဦး နဲ့ ယွန်းယွန်းတို့က ပါဝင်သရုပ်ဆောင်သွားကြမှာပါ။ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာ ဝင်းလွင်ထက်ကိုယ်တိုင်က အကယ်ဒမီဆုကို ရရှိထားသူဖြစ်သလို ပါဝင်မယ့် အဓိက သရုပ်ဆောင် လေးယောက်လုံးကလည်း အကယ်ဒမီဆုရှင်တွေဖြစ်ကြတာကြောင့် မရိုက်ကူးခင်ကတည်းက ပရိသတ် အာရုံစိုက်မှုကို ရရှိနေပြီဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။


ဒါ့အပြင် ” အိမ် ” ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်ကြောင့် မိသားစုဒရမ်မာ ဇာတ်ကားတစ်ကားဖြစ်လေမလားလို့လည်း ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။
- Mg Kaung