သရုပ်​ဆောင်​​လောကမှာ နိုင်းနိုင်း နဲ့ ​နေတိုး တို့လို ​အောင်မြင်ချင်တယ်ဆိုတဲ့ မင်း​သွေးခန့်

မင်းသွေးခန့်ကိုတော့ မြန်မာနိုင်ငံရဲ့ ,ပထမဆုံး BL sereis ဖြစ်တဲ့ ” Innocence ” ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်သလို သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ ဒါ့အပြင် ” လတ်တ​​လောမှာ သူ့အ​နေနဲ့ Innocence” BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

တက်သစ်စ သရုပ်​ဆောင်အဖြစ် စတင်​ခြေလှမ်းလာပြီဖြစ်တဲ့ မင်း​သွေးခန့်က အနုပညာအ​ပေါ်ထားတဲ့ သူ့ရဲ့ ခံယူချက်ကို အခုလို ​ပြောပြလာပါတယ်။“ ကျွန်တော်က နာမည်အရမ်းကြီးတယ်ဆိုတာထက် ဒီအနုပညာအလုပ်ကို ကိုနေတိုးတို့၊ ကိုနိုင်းနိုင်းတို့ လိုမျိုး တစ်သက်လုံး လုပ်သွားချင်တယ်။ အရမ်းမအောင်မြင်ရင်လည်း တစ်ဆင့်ပြီး တဆင့် ပုံမှန်ခြေလှမ်းလေးအတိုင်းပဲ သွားချင်တယ်။ ဂယက်ကြီးထပြီး ၂ လ၊ ၃ လလောက်ပဲ ပေါက်ပြီးပျောက်သွားတဲ့လူမျိုး မဖြစ်ချင်ဘူး။ နာမည်မကြီးရင်တောင်မှ အနုပညာလောကထဲက တစ်ထောင့်တစ်နေရာမှာ အလုပ်လုပ်ချင်ပါတယ်” လို့ သူကဆိုပါတယ်။Stay Home ကာလဖြစ်တာကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ရတဲ့အချိန်မှာ ပရိသတ်တွေ မေ့သွားမှာလည်း စိုးရိမ်တယ်လို့ မင်းသွေးခန့်က ဆိုပါတယ်။

“ အခုက Online ခေတ်ဆိုတော့ တော်တော်များများက Social Media ပေါ်ရောက်သွားတာများတော့ ကျွန်တော်တို့ အတွက်က အခက်အခဲ သိပ်မရှိပါဘူး။ အဲဒီတော့ အပြင်လည်း မထွက်ရဘူး Current ဖြစ်တဲ့ နေရာမှာလည်း အလုပ်တွေ လုပ်စရာမလိုအောင် အိမ်ကနေတဆင့် လုပ်လို့ရနိုင်မယ့် အလုပ်လေးတွေ လုပ်တယ်။ ပြီးတော့ ကျွန်တော့် ဓာတ်ပုံ ဆရာနဲ့ ကျွန်တော် ဓာတ်ပုံတွေ ထွက်ရိုက်ရင်း ပရိသတ်တွေ မေ့သွားမှာကြောက်လို့ အလုပ်တစ်ခုခုကတော့ အမြဲတမ်း လုပ်ဖြစ်နေပါတယ်” လို့ သူက​ပြောပါတယ်။မင်း​သွေးခန့်ဟာ လတ်တ​လောမှာ သရုပ်​ဆောင် အဆို​တော် အားတီရဲ့ LGBT ဆန်ဆန် ရိုက်ကူးထားတဲ့ music video မှာ ပါဝင်သရုပ်​ဆောင်ရင်း မိန်းက​​လေးပရိသတ်​တွေအကြား အထူး​ရေပန်းစား​နေတဲ့ တက်သစ်စ သရုပ်​ဆောင်တစ်​​ယောက်လည်းဖြစ်ပါတယ်။

Mg Kaung

Leave a Reply

Your email address will not be published.