ရုပ်ရှင်ရုံ​တွေ ပြန်ဖွင့်ခွင့်ရဖို့ နိုင်ငံတော်အတိုင်ပင်ခံကိုတင်ပြသွားမယ်လို့ ရုပ်ရှင်ဥက္ကဋ္ဌပြော

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့် ရုပ်ရှင်လောကသားများ၏ စားဝတ်နေရေး အခက်အခဲ အကျပ် အတည်းများရှိနေသည့်အတွက် ရုပ်ရှင် ပြန်လည် ရိုက်ကူးခွင့်ရရှိနိုင်ရေး အစရှိ သည့် အကြောင်းအရာများအား နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံတင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောဆိုလိုက်ပါတယ်။ဇူလိုင် ၂၈ ရက် နံနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နဲ့ တွေ့ဆုံဆွေးနွေး တင်ပြသွားမည်ဖြစ်ပြီး ရုပ်ရှင်လောကသားများ၏ စားဝတ်နေရေး အခက်အခဲများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုပါ ထည့်သွင်း တင်ပြသွားမယ်လို့ သိရပါတယ်။

“အဓိကကတော့ ရုပ်ရှင်လောက သားတွေ စားဝတ်နေရေး အဆင်မပြေ လို့ပေါ့။ စားဝတ်နေရေးခက်ခဲလို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်ပေါ်အောင် ရုပ်ရှင်တွေ ပြန်ရိုက်ကူးခွင့်၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်လို့ရအောင် ဆွေးနွေးသွားမှာပေါ့။ အဆင့်ဆင့် ဆွေးနွေးထားတာကလည်း ဇွန် ၃၀ ရက်ကဆိုရင် နေပြည်တော်မှာ ပြန်ကြားရေး၊ ကျန်းမာရေး၊ သာသနာရေး၊ ရင်းနှီးမြှပ်နှံမှုပေါ့။ အဲဒီဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး နဲ့လည်း တွေ့ပြီးတော့ တင်ပြပြီးပါပြီ။ ဇူလိုင် ၄ ရက်ကလည်း သရုပ်ပြ ရိုက်ကွင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက စစ်ဆေးပြီးသွားပြီ။ အခု ဇူလိုင် ၁၃ရက် နေ့စွဲနဲ့လည်း ရုပ်ရှင်ရိုက်ကူးပြသရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆိုတာက ရိုက်ကူးတဲ့ နေရာမှာ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကလည်း ထွက်လာပြီ။ စည်းမျဉ်း၊ စည်းကမ်းတွေကလည်း တော်တော်များပါတယ်။ အဲဒါတွေကို လိုက်နာနိုင်ပြီဆိုရင်တော့ တဖြည်းဖြည်းနဲ့ ပထမဆုံး လူနည်းနည်းနဲ့ ရိုက်လို့ရတဲ့ ကြော်ငြာတွေ ရိုက်လို့ရမယ်။ ပြီးတဲ့အခါမှာ ဇာတ်လမ်းတွဲ ရိုက်လို့ရမယ်။ ပြီးတော့မှ ရိုက်လက်စ ရုပ်ရှင်တွေပေါ့။ ဗိုလ်ချုပ် ရုပ်ရှင်လိုမျိုးပေါ့။

“ပြီးတော့မှ ရုပ်ရှင်ဇာတ်ကားအသစ်တွေပေါ့။ တဖြည်းဖြည်း အစည်းအရုံးအနေနဲ့ လည်း ရိုက်ကူးခွင့်ပြုလို့ရတယ်။ အဲဒီလိုမျိုး ချောချောမွေ့မွေ့ ရိုက်ကူးခွင့်တွေရသွားပြီ ဆိုရင်တော့ လောကသားတွေလည်း စားဝတ်နေရေးတွေ ပြန်ပြီးတော့ အဆင်ပြေသွား မှာပါ။ အဲဒါတွေကိုတော့ အစည်းအရုံးဘက်ကနေပြီးတော့ တင်ပြမယ်။ ရုံတွေပြန်ဖွင့်ဖို့ အပိုင်းကျတော့ မင်္ဂလာရုပ်ရှင်ရုံလုပ်ငန်းစုက ဦးဇော်မင်းပါတယ်။ ပြီးတော့ ကျန်းမာရေး ဝန်ကြီးလည်း ပါမယ်” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။ဒါ့အပြင် ရုပ်ရှင်ရိုက်ကူးပြသရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင် ထည့်သွင်း တင်ပြသွားမည်ဖြစ်ကြောင်း ဦးညီညီထွန်းလွင်ရဲ့​ပြောကြားချက်အရသိရပါတယ်​။

  • Mg Kaung

Leave a Reply

Your email address will not be published.