သာယာဝတီ​ထောင်က အကျဉ်းသား​တွေကို ဒံ​ပေါက်​ကျွေးချင်တဲ့ ဘုန်းလျှံ

မူးယစ်​ဆေးဝါးမှု နဲ့ နှစ်အ​တော်ကြာ အကျဉ်းချခံခဲ့ရပြီး နိုင်ငံ​တော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်​မြောက်လာခဲ့တဲ့ သရုပ်​ဆောင် ဘုန်းလျှံက​တော့ ​ထောင်က ထွက်လာပြီး​နောက်ပိုင်းမှာ အလှူအတန်း​တွေ ဆက်တိုက်ပြုလုပ်​နေတာလည်းဖြစ်ပါတယ်။မကြာ​သေးခင်ကလည်း ဘုန်းလျှံဟာ တစ်ချိန်က ကိုယ်တိုင် အကျဉ်းချခံခဲ့ရတဲ့ သာယာဝတီ​ထောင်ကို ပြန်လည်သွား​ရောက်ခဲ့ပြီး ​ထောင်သား​တွေအတွက် အလှူအတန်းပြုလုပ်ခဲ့တာပါ။

ဘုန်းလျှံအ​နေနဲ့ သူကိုယ်တိုင်အပါအဝင် အခြား​သော အလှူရှင်​တွေရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့အတူ သာယာဝတီ​ထောင်က ​ထောင်သား​တွေအတွက် မျက်နှာသုတ် ပုဝါ ၊ သွားတိုက်​ဆေး ၊ ဆပ်ပြာတုံး ၊ ​ကော်ဖီမစ် နဲ့ ငပိ​ထောင်း စတာ​တွေကို သွား​ရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။” အမှန်က​​တော့ ကျွန်​တော် ပြည်ကို သွားတာပါ။ ပြည်က​နေမှတဆင့် ​ပေါက်​ခေါင်း ၊ ပဲခူးရိုးမထဲမှာ သစ်ပင်စိုက်ဖို့သွားရင်းက လမ်းမှာ ဒီကိုလာပြီးဝင်လှူတာ။ ကျွန်​​တော်တို့ လာမယ်ဆိုတာကို ကြိုမ​ပြောထားမိဘူး။ ဒီမှာက လုပ်ထုံးလုပ်နည်းအရ အထက်ကို စာတင်ရတာ​တွေ ဘာ​တွေရှိ​​တော့ အထဲကိုဝင်ဖို့အထိ​တော့ မရလိုက်ဘူး။ ဒီက တာဝန်ရှိသူတွေကိုပဲ အပ်ထားခဲ့ရတယ်။ သူတို့ကတဆင့် အကျဉ်းသား​တွေကို ပြန်ခွဲ​ဝေ​ပေးမှာပါ ” ဘုန်းလျှံက ​ပြောပါတယ်။ဒါ့အပြင် သူ့အ​နေနဲ့ ​နောက်တစ်​ခေါက်အခွင့်အ​ရေးရရင် သာယာဝတီ​ထောင်က အကျဉ်းသား​တွေကို ဒံ​ပေါက်​ကျွေးချင်တယ်လို့လည်း ဖွင့်ဟလာပါတယ်။

” အမှန်​​တော့ ဒံ​ပေါက်​ကျွေးချင်တာ။ ​ကျွေးဖို့က သိန်း ၇၀ ​လောက်ကုန်ကျမယ်လို့ သိရ​တော့ စရိတ်စက​လေးလည်း ရှိ​သေးလို့ ဒီတစ်​ခေါက်မ​​​ကျွေးဖြစ်တာ။ ​​နောက်တစ်​ခေါက်အခွင့်​ရေးရရင်​တော့ ​ကျွေးမှာပါ။ ကျွန်​တော် ​ထောင်ထဲမှာ​နေတုန်းက ဒံ​ပေါက် အရမ်းစားချင်​နေတဲ့အချိန် အလှူရှင်​တွေက ဒံ​ပေါက်လာ​ကျွေး​တော့ အရမ်း​ပျော်ခဲ့ရတယ်။ အဲ့ဒီလို ခံစားချက်မျိုး ဒီက အကျဉ်းသား သုံး​ထောင်​ကျော်​လောက်ကို ခံစား​စေချင်ပါတယ် ” လို့ သရုပ်​​ဆောင် ဘုန်းလျှံက ​ပြောပြသွားခဲ့တာပါ။ဘုန်းလျှံအ​နေနဲ့ လတ်တ​လောမှာ ​ကြော်ငြာတစ်ခု ရိုက်ကူးထားပြီး မကြာခင် ဇာတ်လမ်းတွဲတစ်ခုမှာပါဝင်သရုပ်​​ဆောင်ဖို့ရှိတယ်လို့သိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.