ရသမျှ အနုပညာ​ကြေးအားလုံး အ​မေ့ကိုပဲအပ်တယ်ဆိုတဲ့ ​​အေးမြဖြူ

အေးမြဖြူက​တော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲက​နေတဆင့် ဂီတလမ်း​ကြောင်း​ပေါ်​ရောက်ရှိလာခဲ့သူပါ။သူမဟာ ပြိုင်ပွဲမတိုင်ခင်ကတည်းက ရုပ်ရှင်ဇာတ်ကားအချို့ မှာ က​လေးသရုပ်​ဆောင်အဖြစ် ပါဝင်သရုပ်​ဆောင်ခဲ့ဖူးသလို ပြိုင်ပွဲပြီး​တဲ့​နောက်မှာလည်း သရုပ်​​ဆောင် အလုပ်နဲ့ အဆို​​တော် အလုပ်ကို တွဲဖက်လုပ်ကိုင်​နေတာပါ။သူမ​အ​နေနဲ့ ကိုဗစ်​ကြောင့် လုပ်စရာရှိတဲ့ အနုပညာအလုပ်​လေး​တွေ မလုပ်ဖြစ်လိုက်ဘဲ နစ်နာခဲ့ရတယ်လို့ဆိုပါတယ်။

” နစ်နာတာက​တော့ အများကြီး​ပေါ့​နော်။ ပြိုင်ပွဲပြီးတဲ့ အချိန်မှာ သင်္ကြန်လိုမျိုး ပွဲ​တွေဆိုဖို့ လက်ခံထားတာလည်း မဆိုလိုက်ရဘူး ။ ရိုက်လက်စ ရုပ်ရှင်လည်း နားထားရတယ်။ နိုင်ငံခြားခရီးစဉ်​တွေလည်း ဖျက်လိုက်ရတယ်။ လက်ခံထားတဲ့အလုပ်​တွေ အကုန်လုံးနီးပါး​တော့ ပျက်သွားတယ်။ ဒါ​ပေမယ့် အခု​တော့ နည်းနည်းပါးပါးပြန်လုပ်​နေရပါပြီ။ အခုဆို သမီး ​ကြော်ငြာ​လေး​တွေရိုက်ဖြစ်တယ်။ လူစုလူ​ဝေး လုပ်လို့ မရဘူးဆို​တော့ ပွဲ​တွေ​တော့မရှိဘူး။ Photo Shoot လို လူနည်းနည်းနဲ့ လုပ်လို့ရတဲ့ အနုပညာလှုပ်ရှားမှု​လေး​တွေ ပြန်လုပ်​နေပါတယ် ” လို့ ​အေးမြဖြူက ​ပြောပြလာပါတယ်။ဒါ့အပြင် ​အေးမြဖြူက ရသမျှ အနုပညာ​ကြေးအားလုံးကိုလည်း မိခင်ဖြစ်သူကိုသာ ပြန်အပ်ပြီး မိခင်ဖြစ်သူကပဲ အားလုံးစီမံခန့်ခွဲ​ပေးတယ်လို့ ဆိုလာပါတယ်။

” ​​ငွေ​ရေး​ကြေး​ရေးနဲ့ ပက်သက်လို့က​တော့ သမီးက ဘာမှမလုပ်ဘူး။ အ​မေကပဲ အကုန်လုပ်​ပေးတယ်။ သမီးက အဲ့ဒီအပိုင်း​တွေနဲ့ပက်သက်ပြီးလည်း သိပ်မကြည့်ဘူး​ပေါ့​​နော်။ သီချင်းဆို ဆိုရင် ဆိုလိုက်တာပဲ။ ရသမျှအကုန် အ​မေတို့ကို ​ပေးလိုက်တယ်။ အဲ့အထဲကမှ သမီးလိုတာ​တွေဆိုလည်း အ​မေတို့က ပြန်ဖြည့်ဆည်း​ပေးရတာပဲ​လေ။ ဒီ​တော့ ရသမျှအကုန် အ​မေတို့ကိုပဲ အပ်ပါတယ် ” လို့ ​​အေးမြဖြူက ဆိုပါတယ်။အေးမြဖြူက​တော့ မကြာ​သေးခင်ကမှ ” လွမ်း​နေလို့ ” ဆိုတဲ့ သူမရဲ့ ပွဲဦးထွက် ကိုယ်ပိုင်သီချင်းကို music video နှင့်တကွ ထွက်ရှိထားပြီး ​နောက်ထပ် သီချင်းအသစ်​တွေထပ်ပြီးထွက်နိုင်​အောင်ကြိုးစား​နေတယ်လို့သိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.