ချစ်​သူအသစ်​ရ​နေပြီဆိုတဲ့သတင်း​အ​ပေါ် ​ဝေဖန်​တဲ့သူ​တွေကိုတုံ့ပြန်​လိုက်​တဲ့ ​အေသင်​ချို​ဆွေ

အေသင်​ချို​ဆွေဆိုတာ တစ်​ချိန်​က အဆို​တော်​ငယ်​ငယ်​​ချော​ချော​ကောင်​မ​လေးအဖြစ်​နဲ့ ပရိတ်​သတ်​​တွေကြားနာမည်​ကြီးခဲ့သူပါ။ ​တေး​ရေး၊ ​တေးဆို​တွေအပြင်​ ဗီဒီယိုဇာတ်​ကား​တွေမှာမင်းသမီးအဖြစ်​​တောင်​ပါဝင်​ခွင့်​ရလာပြီး ပရိတ်​သတ်​အား​ပေးမှုအခိုင်​အမာရရှိထားခဲ့သူဘဲဖြစ်ပါတယ်​။ နှစ်​အနည်းငယ်​ကြာအနုပညာ​လောကနဲ့​ဝေးကွာခဲ့ပြီး​နောက်​မှာsingle motherအဖြစ်​နဲ့ ပရိတ်​သတ်​​​ရှေ့​မှောက်​ပြန်​​ရောက်​လာခဲ့ပါတယ်​။

အေသင်​ကအနုပညာအလုပ်​​တွေကိုကြိုးစားလုပ်​ကိုင်​​နေပြီး သမီး​လေး Ivy နဲ့ အတူတူရုန်းကန်​​နေရတာဖြစ်​ပါတယ်​။မ​နေ့က​ ​အေသင်​က သူမရဲ့အမြဲမပြတ်​အား​ပေး​နေတဲ့ပရိသတ်​​တွေကို အချစ်​သစ်​​တွေ့​နေပြီး ​ပျော်​ရွှင်​​နေရတဲ့အ​ကြောင်းကို​ဝေမျှခဲ့ပါတယ်​။သူမရဲ့ပရိသတ်​အချို့်​က​တော့ သမီး​လေးငယ်​ငယ်​ရွယ်​ရွယ်​နဲ့ အချစ်​သစ်​​တွေ့​နေတဲ့အ​ကြောင်းကို ​ဝေဖန်​မှု​တွေကရှိခဲ့ပါတယ်​။အေသင်​က“ဪ လူတွေ လူတွေ ကိုယ်ကြိုးစားပမ်းစားလုပ်ထားတဲ့ အနုပညာတွေဆို သောက်ဖတ်​လုပ်ပီး ဝေဖန်တာလည်းမရှိဘူး စိတ်လည်းမဝင်စားကြဘူး။ အိုင်ဗီ ၁၈ပြည့်မှ ယူမယ်ဆိုတဲ့ စကားကြမှတ်ထားလိုက်ကြတာ။ အံ့ဩစရာကြီး…

ကျွန်မသာ အဲ့လိုဉာဏ်တိမ်တဲ့ ဝေဖန်မှု အတင်းပြောမှုတွေကို အဖတ်လုပ်တတ်နေရင် single mom ကိစ္စကစလို့ အခု ရည်းစားထားတဲ့ ကိစ္စအဆုံး ဘာတခုမှ ပေါ်တင်မပြော တိတ်တိတ်လေးနေပြီး ဂျင်းထည့်နေလိုက်မှာပေါ့ အားလုံးကို။ကျွန်မ လူဘိန်းကြိုက် မပြောတတ်ဘူး။ မှန်တာပဲ ပြောတတ်လို့ တချို့လူတွေအတွက် ကန့်လန့်ဖြစ်နေရင်လည်း မတတ်နိုင်ဘူး။ဆောရီး” ဆိုပြီး ပြောလာပါတယ်။အေသင်​က​တော့သမီး​လေးအရွယ်​​ရောက်​မှာ ချစ်​သူနဲ့တရားဝင်​လက်​တွဲသွားမယ်​လို့လည်းပရိသတ်​​တွေပိုအသိ​ပေးထားပါ​သေးတယ်​။ဘာဘဲဖြစ်​ဖြစ်​​အေသင်​တစ်​​ယောက်​ အချစ်​သစ်​နဲ့​ပျော်​ရွှင်​ပါ​စေလို့ဆု​တောင်း​ပေးလိုက်​ပါတယ်​​နော်​။

Source-Athen Cho Swe

Leave a Reply

Your email address will not be published.