ကိုဗစ်ကာလမှာ အနုပညာအလုပ်​တွေပိုလုပ်ဖြစ်​နေတယ်ဆိုတဲ့ ခြူး​လေး

သရုပ်​ဆောင်ခြူး​လေးက​တော့ “ထာဝရ မန္တ​လေး” ဇာတ်လမ်းတွဲက​နေတဆင့် ပရိသတ်အား​​ပေး​ထောက်ခံမှုရရှိခဲ့တဲ့ မင်းသမီးတစ်​ယောက်ဖြစ်ပါတယ်။ ​နောက်ပိုင်းမှာလည်း သူမ ပါဝင်သရုပ်​ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ​​တော်​တော်များများဟာ ​အောက်မြင်မှု​တွေရရှိထားသလို ပရိသတ်ကလည်း သူမကို ဇာတ်လမ်းတွဲမင်းသမီးတစ်​ယောက်အဖြစ် အပြည့်အဝ အသိအမှတ်ပြုလာတာဖြစ်ပါတယ်။

ကိုဗစ်ကာလ​မှာ ရိုက်ကူး​ရေး​တွေ ရပ်နားထားရ​ပေမယ့်လည်း သရုပ်​ဆောင် ခြူး​လေးက​တော့ အိမ်မှာပဲ​နေပြီး အလုပ်​တွေပိုလုပ်ဖြစ်​နေတယ်လို့ဆိုပါတယ်။” ကြော်ငြာ​တွေ​တော့ ​တောက်​လျှောက်ရိုက်ဖြစ်​နေပါတယ်။ လူအများကြီးနဲ့ မဟုတ်ဘဲ ထိထိမိမိ စည်းကမ်းချက်နဲ့လည်း ညီ​အောင် ရိုက်ဖြစ်​နေတယ်။ အွန်လိုင်း​ပေါ်မှာဆိုရင်လည်း tik tok challenge နဲ့ photo post ​တွေ လုပ်ဖြစ်​နေတယ်။ ဒီကာလက​တော့ အားတဲ့အချိန်ဖြစ်သွား​တော့ အလုပ်​​တော်​တော်များများကို လက်ခံဖြစ်တယ်​ပေါ့​​နော်။ ခြူး​လေးအတွက်​တော့ ဒီကာလကြီးက ​တော်​တော်အလုပ်ဖြစ်ပါတယ် ” လို့ သူမက ​ပြောပါတယ်။ခြူး​လေးဟာ tik tok video ​တွေကို မကြာခဏရိုက်ကူး​ပြီး သူမရဲ့ ​ဖေ့စ်ဘွတ်အ​ကောင့်က​နေ ပြန်လည်​ဝေမျှ​လေ့ရှိသလို ပရိသတ်အများစုရဲ့ tik tok queen လို့ တင်စားခြင်းကိုလည်း ခံထားရသူပါ။

ဒါ့အပြင် တချို့ အနုပညာရှင်​တွေဆို ခြူး​လေးဆီက​​​​တောင် tik tok video ရိုက်နည်းကို ပြန်ပြီးသင်ယူရတယ်လို့ ဆိုပါတယ်။ ဒီအ​ကြောင်းနဲ့ ပက်သက်ပြီးလည်း ခြူး​လေးက အခုလို​ပြောပြလာပါတယ်။” အဓိက က​တော့ tik tok မှာ ခြူး​လေး ကျွမ်းကျင်တာက​​တော့ သရုပ်​ဆောင်ပိုင်းနဲ့ ပက်သက်တာ​ရယ် ဟာသနဲ့ ပက်သက်တာ​လေး​တွေ ကျွမ်းကျင်တာပေါ့​နော်။ အခု​နောက်ပိုင်း ကတဲ့ အက​တွေ ၊ cute လုပ်တာ​တွေ​တော့ ခြူး​လေး သိပ်ပြီးမကျွမ်းကျင်ဘူး​ပေါ့​နော်။ effect ​တွေထည့်ထား​တာ​တွေ ဘာ​တွေလည်းမကျွမ်းကျင်ဘူး။ တီဂွမ်း​လေးရဲ့ ဟာသ တစ်ခုခုဖြစ်ဖြစ် ၊ ဆရာကို​ပေါက်ရဲ့ ဟာသ တစ်ခုဖြစ်ဖြစ် လိုက်လုပ်တယ် ၊ အိုက်တင်​​တွေလုပ်တယ်။

အဲ့ဒါမျိုးနဲ့ပဲ ပက်သက်ပြီး ပရိသတ်​တွေက သိသွားခဲ့တာဆို​တော့ အခု​နောက်ပိုင်း အဲ့ဒါ​တွေပဲလုပ်ဖြစ်တယ်။ အဲ့လို့မျိုး ခြူး​လေး ကျွမ်းကျင်တဲ့ဟာဆိုရင်​တော့ သင်​ပေးပါတယ်။ ကျန်တဲ့ ကွန့်တာ ညွန့်တာ​တွေ ခြူး​လေး လည်း မတတ်​တော့ မသင်​ပေးတတ်ဘူး ” လို့ ခြူး​လေးက ​ပြောပြသွားခဲ့ပါတယ်။ခြူး​လေးအ​နေနဲ့ ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲ​တွေ ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.