နာမည်​ကြီးချင်​လို့ တမင်​လုပ်​ယူခဲ့တာမျိုးမရှိခဲ့ဖူးဆိုတဲ့ ဖြူဖြူ​ထွေး

ပွင့်​လင်းရိုးသားပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်။အနုပညာ​လောကထဲကို​ကြော်​ငြာ​လေး​တွေရိုက်​ရင်းစတင်​​ရောက်​ရှိလာပြီး လက်​ရှိမှာ​တော့ ဖြူစင်​ပြီးအပြစ်​ကင်းတဲ့ သူမကို ပြည်​သူအားလုံးက ဝိုင်းချစ်​ခင်​​နေကြပါတယ်​။

အနုပညာ အလုပ်​​တွေကိုလည်း တစ်​စတစ်​စ တိုးလုပ်​​နေရပြီး အခုဆို အလှူအတန်း​တွေလက်​နဲ့မကွာလှူနိုင်​တန်းနိုင်​တဲ့သူဖြစ်​​နေပါပြီ။ဖြူဖြူ​ထွေးက နာမည်​နဲ့လိုက်​​အောင်​ကိုဖြူစင်​လွန်းသူဖြစ်​ပြီး အလှုအတန်းလုပ်​ရတာကိုလည်းသ​ဘောကျသူဖြစ်​ပါတယ်​။ ဖြူဖြူ​ထွေးကသူမရဲ့ရိုးသားမှု​တို့​ကြောင့်​ ပရိသတ်​​တွေရဲ့ အချစ်​ကိုတဖြည်းဖြည်းရရှိလာခဲ့တာပါ။ချစ်​သူ​တွေ ​ပေါများ​ပေမယ့်​လည်း မလိုသူ​တွေက​တော့ သူမရဲ့ အလှူအတန်း​တွေကို နာမည်​ကြီးချင်​လို့ အလှူ​ပေးတယ်​လို့စွပ်​စွဲမှု​တွေက ရှိ​နေပါတယ်​။“ကျောင်းကပွဲမှာ အဆဲ ခံရရင်း လူသိများလာ ပေမယ့် နောက်ပိုင်း ကိုယ့်ကို ချစ်လာကြတယ်။

မုန်းရာကနေ ချစ်လာဖို့ မလွယ်ကူတာမို့ ပီတိဖြစ်ရတယ်။ တစ်ချို့က အလှူ​တွေ လုပ်ပြီး လူတွေ ချစ်လာအောင် လုပ်ယူတယ် လို့ ပြောကြတယ်။ အောင်မြင်လာဖို့ ၊ ပရိသတ် လက်ခံလာဖို့ အတွက် လုပ်ယူခဲ့တာမျိုး မရှိခဲ့ပါဘူး” လို့ ပြောပြလာပါတယ်​။ဘယ်​သူ​တွေဘယ်​လို​ပြော​ပြော ဖြုဖြု​ထွေးရဲ့ ​အလှုအတန်းနဲ့ပတ်​သတ်​ပြီး​စေတနာ​တွေက အစစ်​အမှန်​ဆို​တာ အ​သေအချာပါဘဲ။ celepediaက ပရိသတ်​​တွေလည်း အလှူအတန်း​တွေရက်​​ရောတဲ့ ဖြူဖြူ​ထွေး​လေးကို အား​ပေးလိုက်​ကြဦး​နော်​။

Source-Myanmar Celebrity

Leave a Reply

Your email address will not be published.