ဗဟိုအမျိုးသမီး​ဆေးရုံရှိ​မွေးလူနာအ​ယောက်​၂၀၀အတွက်​ လှူဒါန်းကူညီ​ပေးခဲ့တဲ့ ခန့်​စည်​သူ

မင်းသား​ချောခန့်​စည်​သူက သရုပ်​​ဆောင်​​ကောင်းရုံသာမက စိတ်​သ​ဘောထားပြည့်​ဝပြီးကူညီတတ်​တဲ့သူဖြစ်​တာ​ကြောင့်​ ပရိသတ်​​တွေရဲ့ ချစ်​ခင်​မှုကိုရရှိထားသူပါ။အခက်​အခဲဖြစ်ေ​နတဲ့ အနုပညာရှင်​များနဲ့ နွမ်းပါးသူအချို့ကိုလည်း ကိုယ်​တိုင်​ လိုက်​လံကူညီ​ပေးလျက်​ရှိပါတယ်​။

ခန့်စည်သူက အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို အလှူအတန်းမှာလည်း လက်မနှေးတာကြောင့် နိုင်ငံတော်ကပေးအပ်ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ခန့်စည်သူက သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့နဲ့အတူတူ အလှူအတန်းတွေဆက်တိုက် ပြုလုပ်နေလျက်ရှိပါတယ်။

ဇူလိုင်လ (၂၅)ရက်နေ့ကလည်း ခန့်စည်သူရဲ့ မေတ္တာသင်္ဂဟအဖွဲ့က ဗဟိုအမျိုးသမီးဆေးရုံရှိ မွေးလူနာ အယောက်(၂၀၀) အတွက် ထောပတ်ထမင်း+ ကြက်သားဟင်း၊ ဒိန်ချဉ်၊ မုန့်၊ အအေး၊ မွှေးဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ထမိန်၊ မိုးတွင်းစီးဖိနပ်၊ mask များ၊ ကလေးအနှီးများ၊ ကလေးအင်္ကျီများ၊ ကလေးသေးခင်းများ၊ ကလေးပေါင်ဒါများ စသဖြင့် သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။celepedia ပရိတ်သတ်​​တွေလည်း ခန့်​စည်​သူတို့အဖွဲ့ရဲ့အလှူ​ပုံရိပ်​​လေး​တွေကို​ဖော်​ပြလိုက်​ပါတယ်​​နော်​။

Source-Kyaw Soe Win

Leave a Reply

Your email address will not be published.