သီချင်း​ခွေထွက်ချင်လို့ ကိုဗစ်ကာလ အမြန်ပြီး​အောင်ဆု​တောင်း​​နေရတယ်ဆိုတဲ့ Rဇာနည်

တေးသံရှင် Rဇာနည် က​တော့ မြန်မာနိုင်ငံရဲ့ ဂီတ​ရေစီး​ကြောင်းမှာ အချိန်အ​တော်ကြာ ​အောင်မြင်မှု​တွေ သိမ်းပိုက်ထားနိုင်တဲ့ ထိပ်တန်း အဆို​တော်တစ်ဦးပါ။အောင်မြင်​ကျော်ကြားတဲ့ ​တေးသီချင်း​ပေါင်းများစွာကို သီဆိုခဲ့တဲ့ Rဇာနည်က​ အခု​နောက်ပိုင်းမှာ သီချင်း​တွေ အထွက်ကျဲသွားသလို အရွယ်ရလာတာနဲ့အမျှ သီချင်ဖန်တီးမှုအပိုင်းမှာ အချိန်ပိုယူလာတယ်လို့ဆိုပါတယ်။“ သီချင်းတွေ ထွက်ဖို့ ကြာနေတယ် ဆိုတာကလည်း ပြင်ဆင်မှု အပိုင်းပေါ့နော်။ သူများတွေလည်း လက်ခံရမယ်၊ အရမ်းကြီးလည်း Hit ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် သီချင်းကို အဓွန့်ရှည်ဖို့အတွက် ရည်ရွယ်ပြီး သီချင်းစာသားကိုရော၊ ဆိုတဲ့ ဟန်ကိုရော၊ ဆိုပုံ ဆိုပေါက်တွေက အစ အသေးစိတ်ဆိုတော့ သီချင်း တစ်ပုဒ်ဖြစ်ဖို့ဆိုတာ တော်တော်ကို ကြာတယ်။

အရွယ်ကလည်း ရလာတော့ သီချင်း ဖန်တီးတဲ့ အခါမှာ ကြာလာတာပေါ့။ အခုချိန်မှာ သီချင်းတွေ ထွက်နိုင်ဖို့ကိုပဲ ကြိုးစားနေရတာပေါ့။ Show တွေ လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူး ” လို့ Rဇာနည်က ​ပြောပြာပါတယ်။ဒါ့အပြင် Rဇာနည်က သူလုပ်စရာရှိတဲ့ အလုပ်​တွေ အမြန်ပြန်လုပ်နိုင်​အောင် ကိုဗစ်ကာလကြီး အမြန်ပြီးဖို့ ​ဆု​တောင်း​နေရတယ်လို့ ဆိုပါတယ်။“ အခုကလည်း Covid ကြီး အမြန်ဆုံး ပြီးဖို့ကို အရင်ဆုတောင်းနေရတယ်။ ဒီအရာကြီး ပြီးမှပဲ ကိုယ်လုပ်စရာ ရှိတဲ့ အလုပ်တွေ အကုန် တန်းစီပြီးတော့လုပ်ရမှာ။ ကိုယ်က တစ်ခုလောက်ပဲ မှန်းထားရင် (၁၀) ခုလောက် ကျလာရင် ကျလာတတ်တယ်။ ဒါကြောင့် အကုန်လုံး အန္တရာယ် ကင်းကင်း ဖြစ်သွားဖို့က အရေးကြီးပါတယ်။ အခုက သီချင်း(၁၀) ပုဒ်လောက်ကို တစ်နေတာ။ အားလုံးက သီချင်း အသစ်တွေချည်းပဲ ထည့်သွားမှာ ဒါပေမယ့် အွန်လိုင်းကနေပဲ ဖြန့်ဖြစ်ဖို့ များပါတယ်” လို့ ဆက်လက်​ပြောပြခဲ့ပါတယ်။

တေးသံရှင် Rဇာနည် ဟာ င့ါကိုချစ်တဲ့သူ၊ စည်းတစ်ဖက်ခြား စတဲ့ တစ်ကိုယ်တော်အခွေတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အတွဲခွေတွေ များစွာမှာလည်း ပါဝင်သီဆိုခဲ့သူပါ။ ထို့နောက် ကိုယ်ပိုင်သံစဉ်သီချင်းတွေချည်း ပါဝင်တဲ့ ကမ္ဘာသား သီချင်းခွေကလည်း ပရိသတ်တွေကြားပေါက်ခဲ့တဲ့ သီချင်းခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။Rဇာနည်ဟာ လက်ရှိမှာ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားသလို သာယာတဲ့ မိသားစုလေးနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ အောင်မြင်နေဆဲ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.