ရုပ်ရှင်​လောကသားများအတွက် အလှူ နဲ့ ရုပ်ရှင် ၁၀၀ ပြည့်အတွက် ​ငွေကျပ် သိန်း ၂၀၀ ​ထောက်ပံ့လှူဒါန်း

ရွှေသံလွင်မီဒီယာက ကိုဗစ်ကာလမှာစားဝတ်​နေ​ရေးအခက်အခဲဖြစ်​​နေတဲ့ ရုပ်ရှင်​လောကသား​တွေကိုလှူဒါန်းမယ့် ငါးကြိမ်​မြောက် စားနပ်ရိက္ခာများ ကူညီ​ထောက်ပံ့ခြင်း အစီအစဉ်နဲ့ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အတွက် အလှူ​​ငွေ​ပေးအပ်ခြင်းကို ဇူလိုင်လ ၂၅ ရက်​နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ( ရန်ကုန် ) မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

COVID-19 ဖြစ်တဲ့အချိန်က​နေစ​ပြီးရိုက်ကူး​ရေး​တွေ နားထားရ​​တော့ အစည်းအရုံးဝင် ၄၀၀၀ ​ကျော်နဲ့ မိသားစုဝင် စုစု​ပေါင်း ၁၅၀၀၀ အပါအဝင် စားဝတ်​နေ​ရေးခက်ခဲ​နေတဲ့​​လောကသား​တွေကို​ထောက်ပံ့​ပေးဖို့ ဧပြီ ၊ ​မေ ၊ ဇွန် ၊ ဇူလိုင် ​လေးလအတွက် ဆန် ၊ ဆီ ၊ ဆား ၊ ​အ​​ခြောက်အခြမ်း နဲ့ ​ငွေ​ကြေး​တွေ ​ထောက်ပံ့လှူ​ဒါန်း​ပေးခဲ့တာ ​လေးကြိမ်​မြောက်ရှိခဲ့ပါပြီ။ ​နောက်လမှာ ငါးကြိမ်​မြောက်လှူဒါန်းမှာပါ။ လှူဒါန်းမယ့် အစီအစဉ်အတွက် ​ရွှေသံလွင် မီဒီယာက သိန်း တစ်ရာ လှူဒါန်းပါတယ်။ ​​နောက်ထပ်လည်း မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ပြည့်အတွက် သိန်း တစ်ရာ လှူဒါန်းပါ​သေးတယ်။

ရုပ်ရှင်​လောကသား​တွေ အမြတ်တနိုးထားရတဲ့ ပွဲမှာပါ အခုလို လှူဒါန်းတဲ့ပွဲမှာပါ အခုလို လှူဒါန်းတဲ့အတွက် ​ကျေးဇူးတင်ပါတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ​ပြောပါတယ်။မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ ငါးကြိမ်​မြောက်စားနပ်ရိက္ခာများ လှူဒါန်းခြင်းအစီအစဉ်ကို လာမယ့် သြဂုတ်လ အလယ်ပိုင်းမှာလုပ်​ဆောင်သွားမှာဖြစ်ပြီး အလွှာ ၁၀ လွှာမှ ရုပ်ရှင်​လောကသားများအတွက် ဆန် ၊ ဆီ ၊ ဆား ၊ စားနပ်ရိက္ခာများအပါအဝင် ​ငွေ​ကြေးများလည်း ​ထောက်ပံ့လှူဒါန်းသွားမယ်လို့သိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published. Required fields are marked *