အ​ဖေဖြစ်​သူဆီက​နေ သိန်းရာနဲ့ချီ ပြီးတန်​တဲ့ နာရီ​လေးလက်​​ဆောင်​ရလိုက်​တဲ့​နေခြည်​ဦး

နေခြည်​ဦးက အနုပညာ အလုပ်​​တွေကို ခပ်​သွက်​သွက်​​လေး လုပ်​ကိုင်​​နေရပြီး ​နောက်​​ပေါက်​​တွေထဲမှာမှ လျှင်​လျှင်​မြနိမြန်​နဲ့​နေရာရ​အောင်​မြင်​လာသူတစ်​ဦးပါ။သရုပ်ဆောင်၊ Beauty Blogger၊ Social Influencer တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးက သူမရဲ့ ဖြစ်တည်မှုနဲ့ ပရိသတ်တွေကို ဖုံးကွယ်ထားခြင်းမရှိပဲ ပွင့်ပွင့်လင်းလင်းသာ ချပြထားတာ ဖြစ်ပါတယ်။သူမရဲ့ ပထမဆုံးဇာတ်​ကားကြီး ရန်​သူ ဇာတ်​ကားဟာလည်း ပရိတ်​သတ်​​တွေရဲ့အား​ပေးမှုကိုအခိုင်​အမာရရှိ​စေခဲ့ပါတယ်​။အချိန်​တို​လေးအတွင်းတစ်​မဟုတ်​ချင်း​အောင်​မြင်​ခဲ့တဲ့ သူမဟာ လက်​ရှိမှာ​တော့အနုပညာ လှုပ်​ရှားမှုများစွာနဲ့ သူမရဲ့ပရိတ်​သတ်​​တွေအတွက်​ အလှအပနဲ့ပတ်​သတ်​ပြီးအကြံ​ပေးမှု​တွေကိုလည်း မပျက်​လုပ်​ကိုင်​​နေပါတယ်​။

ကိုယ်ကိုယ်တိုင်လည်း ကြိုးစားအားထုတ်မှုအပြည့်နဲ့ အနုပညာခရီးကိုလျှောက်လှမ်းခဲ့ပြီး ပရိသတ်အချစ်တွေရရှိလာသူ နေခြည်ဦးကတော့ မနေ့ညက ” ကြွားမယ်” ဆိုတဲ့စာသားလေးနဲ့အတူ Facebook Live လွှင့်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်သမျှဖြည့်ဆည်းပေးတတ်တဲ့ ဖခင်ရဲ့အကြောင်းကို ပရိသတ်​​တွေကို ကြွားခဲ့ပါတယ်။ သူစိတ်ဓာတ်ကျနေလို့ လိုချင်တဲ့နာရီလေးကို ပူဆာခဲ့ချိန်မှာတော့ ဖခင်က ဝယ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီ Hublot တံဆိပ်နာရီလေးကတော့ ဒေါ်လာ (၂၉၄၀၀) ကျသင့်တာမို့ မြန်မာငွေ သိန်းလေးရာကျော် ပေးရတဲ့နာရီလေးပါ။

သာမန်လူတွေ လက်လှမ်းမမှီနိုင်တဲ့ပမာဏဖြစ်တဲ့အပြင် ဖခင်ဆီကရတဲ့ တန်ဖိုးကြီးမားတဲ့လက်ဆောင်လေးမို့ ချီချီကတော့ စိတ်လွှတ်ကိုယ်လွှတ်ကြွားခဲ့တယ်လို့ ဆိုရမှာပါ။ ချီချီရဲ့ ဖခင်ကတော့ ချီချီရဲ့ ဘဝတဆစ်ချိုးတိုင်းမှာ အချိန်ကိုတန်ဖိုးထားတတ်တဲ့သူတစ်ယောက်ဖြစ်ဖို့ အကောင်းစားနာရီတွေလက်ဆောင်ပေးလေ့ရှိပြီး ဒီနာရ်ီလေးကတော့ ချီချီ့ဖခင်ပေးတဲ့တန်​ဖိုးကြီးနာရီ​တွေထဲက တတိယမြောက်နာရီလေးပါ။ ချီချီရဲ့အကြွားပို့စ်​​လေးကို ပရိသတ်​​တွေက ​ဝေဖန်​​နေကြ​ပေမာ့်​ ချစ်​​ပေးတဲ့ချီလီ​လေး​တွေကေ၂ာ့ ချီ​ပျော်​တာ​လေးမြင်​​နေရရင်​​ပျော်​​နေကြတာပါ။Celepedia ပရိတ်သတ်​​တွေ​ရော ​ချီချီ့လို့လက်​​ဆောင်​​တွေ​ပေးတတ်​တဲ့အ​ဖေမျိုးလိုချင်​လား​နော်​။

Source-Nay chi oo

Leave a Reply

Your email address will not be published. Required fields are marked *