သမီး​လေးတစ်​နှစ်​ပြည့်​အတွက်​မိဘမဲ့​ကျောင်းမှာအဟာရဒါနပြုခဲ့တဲ့ စန္ဒီမြင့်​လွင်​တို့မိသားစု

အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ Rap သီချင်းတွေကိုလည်း သီဆိုသလို ဗီဒီယိုဇာတ်ကားတွေအများကြီးကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။တစ်​ချိန်​က မိန်းက​လေး rap အဆို​တော်​အဖြစ်​နဲ့ ပရိတ်​သတ်​​တွေရဲ့အား​ပေးမှုကိုရရှိထားခဲ့သူပါ။စန္ဒီမြင့်လွင်က အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်က သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးမှာ (၈၉)မိုင် (၅)ဖာလုံက YGW မိဘမဲ့ကျောင်းမှာ တစ်နေ့တာ အဟာရဒါနပြုလုပ်ပေးခဲ့ပြီး ကျောင်းသုံးပစ္စည်းနဲ့ အခြား မုန့်တွေမျိုးစုံကိုလည်း လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စန္ဒီမြင့်လွင်တို့ မိသားစုက နေအိမ်မှာပဲ မွေးနေ့ကိတ်လေးခွဲပေးပြီး သမီးလေးအတွက် အမှတ်တရတွေ ဖန်တီးပေးခဲ့တာကို တွေ့ရပါတယ်။

စန္ဒီမြင့်လွင်ကတော့ သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ အလှူအတန်းတွေ ပြုလုပ်ပေးရင်း သမီးလေးပျော်ရွှင်ရအောင် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ Celepediaပရိသတ်ကြီးလည်း စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာအတွက် မွေးနေ့ဆုတောင်းပေးကြပါဦးနော်။

Source-Sandy Myint Lwin’s fb

Leave a Reply

Your email address will not be published. Required fields are marked *