မိသားစုဘဝကိုလိုချင်​ခဲ့​ပေမယ့်​ ​ချစ်​သူထားသွားခဲ့တာ​ကြောင့်​လူပျိုကြီးဖြစ်​​နေရတဲ့ဟက်​ကတ်

ဟက်​ကတ်​က​တော့ တစ်​ချိန်​က မိန်းက​လေး​တွေရဲ့ တမ်းတမ်းစွဲအား​ပေးမှုကိုရရှိခဲ့တဲ့ မင်းသား​ချောဖြစ်​ပါတယ်​။အဆို​တော်​သရုပ်​​ဆောင်​အဖြစ်​ ပရိသတ်​အား​ပေးမှုရရှိထားခဲ့ပြီး သူ့ရဲ့ အလယ်​ကွဲဆံပင်​​ကေ​လေးကလည်း လူငယ်​ပရိသတ်​​တွေကြား​ရေပန်းစားခဲ့ပါ​သေးတယ်​။လက်​ရှိမှာ​တော့ အနုပညာ အလုပ်​​တွေနဲ့​ဝေးကွာ​နေခဲ့ပြီး သီချင်း​လေး​တွေကို​တော့ ပရိသတ်​ဆီချပြဖို့ ပြင်​ဆင်​လျက်​ရှိတယ်​လို့သိရပါတယ်​။

ဟက်​ကတ်​က ယခုအချိန်​ထိကို လူပျိုကြီးအဖြစ်​နဲ့ ​ရှေ့ဆက်​​နေပြီး သူနဲ့ သက်​တူရွယ်​တူ သူငယ်​ချင်းများဖြစ်​ကြတဲ့ သက်​မွန်​တို့ ဖြိုး​ငွေစိုးတို့ရဲ့ကိုယ်ပိုင်​​မိသားစုဘဝ​လေးကို ကြည့်​ရင်း​ပျှော်​ရွှင်​မိတယ်​လို့ဆိုပါတယ်​။“အသက်​၁၈နှစ်​က​နေ ၂၅ထိအလုပ်​လုပ်​မယ်​ ၂၅နှစ်​မှာ မိသားစုဘဝတည်​​ဆောက်​မယ်​ အသက်​၅၀ထိအလုပ်​လုပ်​ပြီးရပ်​နားမယ်​ အဲ့လို​တွေးထားခဲ့တာ​ပေါ့။ အသက် (၂၅) နှစ် အရွယ် မှာ မိသားစု ဘဝ ထူထောင်မယ် ဆိုတဲ့ ရည်ရွယ်ချက် ထားခဲ့ပေမယ့် လွဲချော် သွားခဲ့ရတယ်။

စီးပွား​ရေးက​တော့လုပ်​ဖြစ်​​ပေမယ့်​ကျန်​တဲ့အရာ​တွေလွဲ​ချော်​သွားတာ​ပေါ့။အခုလို တစ်ယောက်တည်း အထီးကျန် ဖြစ်နေရတာ ထားသွားခဲ့တဲ့ ကောင်မလေး ရဲ့ အပြစ်ပါ” လို့ ပြောလာပါတယ်​။Celepedia ပရိသတ်​​တွေလည်း လူပျိုကြီး ဟက်​ကတ်​ရဲ့ သီချင်း​တွေ ထွက်​လာရင်​အား​ပေးကြမှာလား​ပြောသွားကြဦး​နော်​။

Source-Myanmar celebrity

Leave a Reply

Your email address will not be published. Required fields are marked *