သမီးအငယ်​ဆုံး​လေး​မွေး​နေ့မှာမွန်​မြတ်​တဲ့အလှူ​တွေလုပ်​​ပေးခဲ့တဲ့ စမိုင်းလ်

ပရိတ်​သတ်​​တွေချစ်​တဲ့ စမိုင်းလ်​က​တော့ အလှုအတန်းမှာ လက်​မတွန့်​သူဆိုတာ သိကြမှာပါ။မကြာခဏ အလှု ​တွေ လုပ်​​လေ့ရှိပြီး ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်​ပါတယ်​။ လက်​ရှိမှာဖြစ်​​ပေါ်​နေတဲ့ အ​ခြေအ​နေ​ကြောင့်​အ ခက်​အခဲများစွာရှိ​နေတဲ့ မိသားစု များကိုလည်း စား​သောက်​ကုန်​​တွေလှူခဲ့ကြပါ​သေးတယ်​။

စမိုင်းဟာ ကျန်းမာ​ရေးလည်းလိုက်​စားပြီး မိသားစု​တွေအတွက်​လည်းမုန့်​အမျိုးမျိုးကိုလုပ်​​ကျွေး​လေ့လည်းရှိပါတယ်​မကြာခဏ သူ့ရဲ့ အလှူ​လေး​တွေကိုပရိတ်​သတ်​​တွေ မုဒိသာ​ပွားများနိုင်​​အောင်​ တင်​​ပေး​လေ့ရှိပါတယ်​။ဒီ​နေ့ဇွန်​လ ၁၇ ရက်​​လေးက​တော့ အငယ်​ဆုံးသမီး​လေးရဲ့​မွေး​နေ့ဖြစ်​တာ​ကြောင့်​ အလှူအတန်း ရက်​​ရောတဲ့ စမိုင်းလ်​တို့မိသားစုက အလှူ​လေးတစ်​ခုပြုလုပ်​ထားပါ​သေးတယ်​။

သမီး အငယ်လေး ဆုရတီမောင် ရဲ့ အသက် (၁၂) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အလှူ အဖြစ် ဒီကနေ့မှာသရုပ်ဆောင် ခိုင်နှင်းဝေ ရဲ့ ရင်သွေးလေးများ ဂေဟာ ကို ငွေကျပ် (၁၂) သိန်း လှူဒါန်းခဲ့ပါတယ်။celepediaကပရိသတ်​​တွေလည်း စမိုင်းလ်​တို့ရဲ့ အလှူ​လေးကို သာဓု​ခေါ်နိုင်​ကြမယ်​ထင်​ပါတယ်​။
Source-Myanmar celebrity

Leave a Reply

Your email address will not be published.