နှုတ်​ခမ်း​မွေး​တွေရှိ​နေလို့အစ​အ​နောက်​ခံရတာ​တွေကိုရင်​ဖွင့်​လာတဲ့ စိုးပြည့်​သဇင်

အကယ်​ဒမီ စိုးပြည့်​သဇင်​က​တော့ သဘာဝတိုင်း​လေးလှ​​သူသာမက သရုပ်​​ဆောင်​မှာလည်း ထူးချွန်​သူ​ကြောင့်​ ပရိတ်​သတ်​​တွေရဲ့အား​ပေးခြင်​ကိုရရှိထားပါတယ်​။ သရုပ်​​ဆောင်​အပြင်​ အဆိုပိုင်းမှာလည်းပါရမီရှိသူဖြစ်​ပြီး ရုပ်​​ရောအသံပါပြည့်​စုံသူပါ။

အေးချမ်းတဲ့မျက်​နှာ​လေးနဲ့ မြင်​သူရင်​ထဲ​အေး​စေတာမို့ စိုးပြည့်​ကိုချစ်​တဲ့ ပရိတ်​သတ်​​တွေများစွာရှိ​နေတာပါ။စိုးပြည့်​ကဒီ​နေ့မှာ​တော့သူမငယ်​ဘဝကတည်းက အစအ​နောက်​ခံရတဲ့ အရာနဲ့ပတ်​သတ်​ပြီး အခုလို​ပြောပြလာပါတယ်​“မိန်းကလေး ဖြစ်ပြီး နှုတ်ခမ်းမွှေးတွေ ရှိနေတာက မေမေ့ ဆီက ရတဲ့ လက်ဆောင်ပါ။ အလုပ်ကိစ္စနဲ့ နယ်တွေသွားရင် နှုတ်ခမ်းမွှေးနဲ့ မင်းသမီးလေး ဆိုပြီး အမြဲ အစ ခံရတယ်။

စိုးပြည့်သဇင် ဆိုတာနဲ့ နှုတ်ခမ်းမွှေးကို တွဲမြင်နေကြတော့ စကြတာကို စိတ်မဆိုးဘူး” လို့​ပြောပြလာပါတယ်​။စိုးပြည့်​ပရိသတ်​​တွေက​တော့ အဲ့လိုနှုတ်​ခမ်း​မွေး​ရေး​ရေးကိုလည်း ချစ်​​နေကြတာပါဘဲ။ Celepedia ပရိသတ်​​တွေထဲမှာ​ရော စိုးပြည့်​လို့အစခံရတဲ့သူ​တွေရှိလား။

Source-Myanmar celebrity

Leave a Reply

Your email address will not be published. Required fields are marked *