ချစ်သူလေးရဲ့မွေးနေ့ပွဲလေးကို ကလပ်တစ်ခုတွင် ကိုယ်တိုင် DJ တီးပြီး ပွဲစည်သွားအောင် ကျင်းပပေးခဲ့တဲ့ မိုးအောင်ရင်ရဲ့ဗီဒီယိုဖိုင်

တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေနဲ့ပရိသတ်အချစ်တော်ဖြစ်ခဲ့ရတာကတော့ မိုးအောင်ရင်ပဲဖြစ်ပါတယ်။ သူကတော့ဆေးကိစ္စတွေကြောင့်လည်း ထိန်းသိမ်းခံရကာပရိသတ်တွေရှေ့ကအချိန်တော်ကြာပျောက်ကွယ်ခဲ့တာပါ။ ပြန်လွတ်မြောက်ပြီးနောက်ပိုင်းမှာလည်းအနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာပါ။ ခုနောက်ပိုင်းမှာတော့လူမှုကွန်ရက်လေးကနေပရိသတ်ရှေ့ကိုပြန်ရောက်လာခဲ့တာပါ။ ခုမှာတော့သူဟာ အနုပညာအလုပ်တွေနားပြီး DJလောကထဲကိုရောက်လာခဲ့တာပါ။ ဒါကြောင့်လည်းဝေဖန်မှုတွေများစွာခံခဲ့ရတာဖြစ်ပါတယ်။ ဝေဖန်ခံရပေမယ့်လည်း သူဟာ လုပ်စရာရှိတာကိုဆက်လုပ်နေတာပါ။ အခုနောက်ပိုင်းလေးတွေမှာလည်းသူဟာပွဲလေးတွေကိုလိုက်တီးနေရတာပါ။ ပရိသတ်တွေလည်း မိုးအောင်ရင်ရဲ့ DJ စကေးတွေကိုတော့အောက်ကvideo လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

သူမရဲ့လက်ပေါ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ သားလေးကို ဓာတ်ပုံလေးခိုးရိုက်ပြီး အသည်းတွေယားနေတဲ့ စုစုဝေ

လက်ရှိမှာ သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပြီဖြစ်တာကတော့ Mikis Weberနဲ့ စုစုဝေတို့မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့ကတော့ သားလေးကိုယ်ဝန်လွယ်တဲ့အချိန်ကတည်းက ရင်ခုန်ခဲ့ရတာပါ။ အခုသားလေးမွေးဖွားပြီး ချိန်မှာလည်း ချစ်မဝဖြစ်နေရတာပါ။ သားလေးရဲ့ပုံရိပ်လေးတွေ မိသားစုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ တင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်း သူတို့မိသားစုလေးကို ကြည့်ပြီး ချစ်နေရတာပါ။ တစ်ချိန်ကလည်း ပရိသတ်တွေချစ်နေရတဲ့ အတွဲလေးဖြစ်ပြီး အခုမှာလည်း ကြည်နူးရတဲ့ မိသားစုလေးဖြစ်နေရတာပါ။ သားလေးကလည်း မေမေ့လက်မှမေမေ့လက်ပေါ်မှာပဲ နေနေတာပါ။ အခုမှာလည်း မေမေ့လက်လေးပေါ်မှာ နှစ်ခြုက်စွာ အိပ်ပျော်နေတာဖြစ်ပြီး မေမေကလည်း မလှုပ်ပဲနေနေတာဖြစ်ပါတယ်။ သူတို့သားမိလေး ဘယ်လိုတောင်ချစ်စရာကောင်းလဲဆိုတာကတော့ အောက်ကပုံရိပ်လေးကို ကြည့်ပြီး ချစ်ပေးကြပါဦးနော်။

နာမည်ကြီး အဆိုတော်များရဲ့သီချင်းတွေကို သီဆိုခဲ့လို့ ဝေဖန်နေကြသူများကို သက်သေအခိုင်အမာဖြင့် တုံ့ပြန်ပြောဆိုလိုက်တဲ့ နီနီခင်ဇော်

ဒီရက်ပိုင်းမှာတော့အနုပညာရှင်သတင်းတွေကပရိသတ်တွေကြားမှာရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ မနေ့ကလည်းနိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့နီနီခင်ဇော်ရဲ့သတင်းဟာလည်းပရိသတ်တွေကြားရေပန်းစားခဲ့တာပါ။ သူမကတော့သီချင်းကို cover songပြန်ဆိုတဲ့ကိစ္စနဲ့ပတ်သတ်ပြီးဖြစ်ခဲ့တာပါ။ နာမည်ကြီး အဆိုတော် စိုင်းထီးဆိုင်ရဲ့သီချင်းကိုပြန်ဆိုခဲ့တာဖြစ်ပြီး စိုင်းထီးဆိုင်ရဲ့မိသားစုကမနေ့ကတော့သီချင်းတွေကို Cover ဆိုခွင့်မပေးတော့ကြောင်ကြော်ငြာခဲ့တာပါ။ ဒါကြောင့်ပရိသတ်တွေကြား နီနီတစ်ယောက်ဝေဖန်ခံနေရတာပါ။ အခုမှာတော့ နီနီဘက်ကနေ အခုလိုဖြေရှင်းသွားခဲ့တာပါ။  Rhythm of The Ocean programme တွင် တင်ဆက်သီဆိုခဲ့​သော ​တေးသီချင်းများအားလုံးသည် ဖန်တီး​ရေးသားခဲ့​သော ​တေး​ရေးဆရာများဖြစ်ကြ​သည့် အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ -ဆရာစိုင်းခမ်းလိတ် သီချင်း​လေးအတိုင်း – ကိုထူး မေတ္တာ​ရေလှိုင်း – ​J ​ရောင်ထုန် ရွှေပင်လယ် – ဆရာမင်းချစ်သူ မျက်ဝန်းထဲမှာအ​ဖြေရှာ – ဆရာဒီ​နေ့ပုဏ္ဏက ရှင်ဘုရင်​လေး – ဆရာ ညီညီသွင် ဒုတိယ – ဆရာရွှေ​ဂျော်​ဂျော် လမင်းချစ်သူ – ဆရာ​နောင်​​နောင်(S.F) ဖြေး​ဖြေး​​လေးနဲ့ငြိမ့်ငြိမ့်​လေး -ဂီတစာဆို ကို​လေးလွင် အစရှိသည့်​တေး​ရေးဆရာများနှင့်ကိုယ်စား မိသားစုဝင်များအားလုံးထံမှ အနုပညာ​ကြေးထမ်း​ဆောင်ထားပီး ​တေး​ရေးခွင့်ပြုချက်များ ရရှိပီး မှ ပြန်လည် သီဆို ရိုက်ကူးခဲ့ပါ​သည်။ Cover Songs များရဲ့ Standard Format အရ Music Arrangement ​တွေကိုစနစ်တကျဖန်တီးခဲ့ပြီး မူရင်းသီဆိုခဲ့သူများကိုလည်း တ​​လေးတစား​ဖော်ပြခွင့်ရခဲ့ပါသည်။(Youtube Revenue များကိုလည်း Reddy …

အသစ်စက်စက် ကောင်မလေးရဲ့မွေးနေ့လေးကို သူကိုယ်တိုင်အကုန်ကျခံပြီး ကျင်းပပေးခဲ့တဲ့ နေဒွေးရဲ့ဗီဒီယိုဖိုင်

ပရိသတ်တွေတော်တော်များများရဲ့ဝေဖန်မှုတွေကိုခုမှာခံ​နေရတာကတော့ နေဒွေးပဲဖြစ်ပါတယ်။ သူနဲ့သူ့ကောင်မလေးတို့ရဲ့ပြဿနာတွေဟာလူမှုကွန်ရက်မှာတော်တော်လေးအခြေတင်ဖြစ်ခဲ့တာပါ။ တစ်ဖက်ကိုတစ်ဖက်ဖြေရှင်းချက်တွေနဲ့ ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့တာပါ။ အခုမှာတော့ သူတို့ရဲ့ကိစ္စလေးဟာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်ကပရိသတ်တွေကြားရေပန်းစားခဲ့တဲ့အတွဲလေးဖြစ်ခဲ့ပေမယ့် အခုမှာတော့ ဝေးခဲ့ကြတာပါ။ ဒါပေမယ့်လည်း မနေ့ကနေဒွေးရဲ့ပုံရိပ်တွေကြောင့်ပရိသတ်တွေကြားဝေဖန်မှုတွေထွက်ပေါ်လာခဲ့တာပါ။ နေဒွေးဟာ ခုမှာဆို နောက်ထပ်ကောင်မလေးတစ်ယောက်ရနေတာပါ။ ကောင်မလေးရဲ့မွေးနေ့လေးမှာသူကိုယ်တိုင်ဘေးမှာနေပြီးကိတ်ခွဲခဲ့တာပါ။ အဆိုပါပုံရိပ်တွေကြောင့်ပရိသတ်တွေကြားဝေဖန်မှုတွေများစွာခံနေရတဲ့videoလေးကိုလည်းပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

ဘာသာခြားတစ်ယောက်ကို ရင့်သီးစွာ ပြောထားသော မှတ်တမ်းတွေ အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာတာကြောင့် အရှက်ဗြန်းဗြန်းကွဲခဲ့ရတဲ့ လင်းလင်း 

နိုင်ငံကျော်အလှဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့လင်းလင်းကတော့ ခုမှာဝေဖန်မှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူဟာတစ်ချိန်က ပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်ပေမယ့်လည်းခုမှာတော့ဝေဖန်ခံနေရတာဖြစ်ပါတယ်။ သူမရဲ့တစ်ချိန်ကဝေဖန်မှုတွေက ခုမှာပြောစရာတွေဖြစ်ခဲ့တာပါ။ သူမဟာ ခုချိန်နိုင်ငံတစ်ကာထိအောင်မြင်နေပြီဖြစ်တဲ့ မော်ဒယ် Mario ကိုတစ်ချိန်ကစော်ကားပြောဆိုခဲ့တာဖြစ်ပါတယ်။ တစ်ချိန်မအောင်မြင်ခင်လေးမှာ ပြောဆိုခဲ့တာတွေက တစ်ဖက်သူကိုနာ​ကျဥ်းစေခဲ့တာပါ။ ဒါကြောင့်လွန်ခဲ့တဲ့၅နှစ်ကပြောခဲ့တာလေးတွေကိုခုမှာချပြခဲ့တာပါ။ ကျွန်တော်ကိုk လားဆိုတဲ့အခေါ်နှုန်းအတွက်လာတောင်းပန်ရင် post ပြန်ဖြတ်ပေးမယ်ခင်ဗျားထင်နေတာကျွန်တော်မေ့သွားတယ်ထင်နေတာလားဆိုပြီး ssအအပြည့်အစုံကိုချပြလိုက်တာပါ။ သူ့ကိုဘယ်လိုတွေတောင်စော်ကားခဲ့လဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကိုကြည့်ပေးကြပါဦးနော်။

လွန်ခဲ့တဲ့ (၂)နှစ်ခန့်က ခင်ပွန်းနဲ့အတူ ရိုက်ထားတဲ့ ဗီဒီယိုကြောင့် ဝေဖန်ခံခဲ့ရတဲ့အကြောင်းကို စိတ်မကောင်းစွာဖြင့်ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းဆိုတာနဲ့ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားပြီးပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ သူမကတော့ ခင်ပွန်း​​ဖြစ်သူကွယ်လွန်ပြီးနောက် ကျန်ရစ်တဲ့သားသမီးလေးတွေအတွက်ရုန်းကန်နေရတာပါ။ အခက်ခဲတွေကြုံတွေ့တိုင်းလည်းမလျော့သောဇွဲ့နဲ့ကြိုးစားနေတာပါ။ သားလေးကလည်းသိတက်စအရွယ်လေးဖြစ်တာကြောင့် လိမ္မာပြီးမေမေ့အတွက်အားကိုးနေရတာပါ။ ကလေးတွေရဲ့ video လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ ပရိသတ်တွေကလည်းသူရဲ့ချစ်စရာစိတ်ဓာတ်လေးတွေကလေးတွေရဲ့ချစ်စရာကောင်းတာလေးတွေကိုကြည့်ပြီးချစ်နေရတာပါ။ လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေစာလေးတွေတင်ပေးလေ့ရှိတဲ့သူမဟာခုမှာလည်း လွန်ခဲ့တဲ့၂နှစ်ကသူတင်တဲ့video လေးမှာဆဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးခုလိုပြောပြခဲ့တာပါ။ 4Million view တဲ့လားအဲဒါလေးတင်တုန်းကမိုက်မိုက်ရိုင်းရိုင်းတွေပြောကြတာတွေလဲပါ ကုတင်ပေါ်ကကိစ္စတွေလဲပါ ကိုယ့်ဘဝထဲကိုလူသားလေးတစ်ယောက်လိုချင်တဲ့အချိန်မှာရောက်လာတာ blessing တစ်ခုပါပဲ ဒါကိုဘာလို့များ ရိုးရိုးလေးမမြင်နိုင်ကြလဲဆိုပီးစိတ်လဲဆိုး၊စိတ်မကောင်းလဲဖြစ်ခဲ့တယ် ယောက်ျားကတော့အဲ့တည်းကအားပေးတယ် “မိန်းမရေ လူတွေကအဲ့လိုပဲလေ၊ လိုက်မခံစားနဲ့၊ ကိုယ်ဝန်နုနုလေးနဲ့” ဆိုပီးအားပေးခဲ့တယ် အခုတော့တစ်ခုခုဆိုအနားမှာ အားပေးမယ့်သူမရှိလို့ ကိုယ့်ဟာကိုယ် အားတင်းထားတယ် ဘာဖြစ်ဖြစ်ခံနိုင်ရည်ရှိဖို့ဆိုပြီးပြောပြခဲ့တာပါ။

သမီးလေးကို ပွေ့ချီပြီး ဘယ်သူမှ မဆိုဖူးသေးသော သီချင်းအသစ်လေးဖြင့် ချော့မြူနေတဲ့ မေမေ ခင်လွှမ်းရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့သမီးလေးနဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ ခင်လွှမ်းပဲဖြစ်ပါတယ်။ယောက္ခမတွေရဲ့အချစ်တွေအပြည့်နဲ့ မိန်းကလေးတိုင်းအားကျနေရသူတစ်ယောက်ပါ။ သမီးလေးတစ်ယောက်မွေးဖွားပြီးသည့်တိုင် သူ့ရဲ့အလှတွေကပရိသတ်တွေငေးမောနေရတာပါ။ စည်ဖြိုးရဲ့ဂရုစိုက်မှုတွေ တစ်ယောက်ကိုတစ်ယောက်ကျေပွန်တဲ့ဝတ္တရားတွေကြောင့် သူတို့မိသားစုလေးဟာကြည်နူးဖို့ကောင်းနေတာပါ။ မိသားစုပုံရိပ်လေးတွေ သမီးလေးရဲ့video လေးတွေလည်းတင်ပေးလေ့ရှိတာပါ။ပရိသတ်တွေကလည်းသူတို့ပုံရိပ်လေးတွေကြည့်ပြီးချစ်နေရတာပါ။ အမြဲလိုလိုTiktok videonလေးတွေဆော့ပြီးတင်ပေးလေ့ရှိတာပါ။ အခုမှာလည်း သမီးလေးနဲ့တူတူ Tiktokလေးဆော့ကစားနေတာပါ။ ပရိသတ်တွေလည်းခင်လွှမ်းတို့သားမိနှစ်ယောက်ရဲ့Tiktok video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

ကလေးနှစ်ယောက်ရဲ့ဆွဲခြင်းကိုင်ပြီး ကျောင်းလိုက်ပို့ပေးနေတဲ့ ချစ်ခင်ပွန်းကို ဗီဒီယိုလေးခိုးရိုက်ပြီး အချစ်တွေပိုနေတဲ့ သဉ္ဇာနွယ်ဝင်း

တစ်ချိန်ကပရိသတ်အားပေးမှုတွေများစွာနဲ့အောင်မြင်ခဲ့ပြီး ယခုမှာတော့သားလေးတစ်ယောက်သမီးလေးတစ်ယောက်နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးပိုင်ဆိုင်ထားတာကတော့ သဥ္ဇာနွယ်ဝင်းပဲဖြစ်ပါတယ်။ သူမကတော့ video ဇာတ်ကားတွေနဲ့အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်းယနေ့ထိချစ်နေရတာပါ။ အခုအနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်းချစ်နေရတာပါ။ သူမဟာ ပရိသတ်တွေနဲ့မဝေးအောင်လူမှုကွန်ရက်ကနေပုံရိပ်လေးတွေvideo လေးတွေတင်ပေးလေ့ရှိတာပါ။ အခုမှာလည်း ကလေးနှစ်ယောက်နဲ့သူ့ရဲ့တစ်နေ့တာလေးကိုပြောပြခဲ့တာပါ။ မနက် ၈ဆို အဆင်သင့်ဖြစ်နေပြီ။ မနက်၆:၃၀ဆို ထမင်း ဟင်းထချက်တယ်။ ကလေးတွေကိုက ၇:၃၀မှာနိုးပြီး မျက်နှာသစ်ပေးတယ် ဒါတော့ အိမ်က အကူညီမလေးတွေလုပ်ပေးတာ ဒီအချိန် ကိုယ်ကတော့ အသီးအခွံခွာ ပေးမုန့်ထည့်ပေးတယ်။  မုန့်တွေကအကုန်လုံး ကုန်လားဆို မကုန်ဘူး ရွေးလို့ရအောင်ထည့်ပေးလိုက်တာ။ ဟိုဥကတော့ အမြဲကုန်တယ်။အထဲကအရုပ်လိုချင်လို့လေ ဟင်းကတော့မကုန်ရင် အိမ်ရောက်ရင် ကိုယ်စားပေးလိုက်တယ် နှမျှောလို့ ကလေးတွေကိုမနက်စာကတော့ ကားပေါ်မှာပဲ ပေါင်မုန့်နဲ့ milo တိုက်တယ်။ ကလေးကျောင်းသွားတဲ့အချိန်မှ လုပ်စရာရှိတာတွေလုပ်ရတယ်။ အရင်ကကိုယ့်အမေက ရှေ့ဆောင်လမ်းပြ ကိုယ်တွေကို လုပ်ပေးခဲ့တော့ ကိုယ်ကလည်းလုပ်ရပြီပေါ့ ။ ကျောင်းကပြန်လာတဲ့အချိန် မာမားထမင်းကုန်အောင်စားခဲ့တယ်လို့ပြောရင်အမောတွေကိုပြေလို့ နောက်ရက်စောစောထဖို့ခွန်အားပေါ့မောတော့မောတာပေါ့ ဒါပေမဲ့ ပျော်ပါတယ်ဆိုပြီးပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဖေဖေ့ရဲ့ကားလေးကို သေချာရေဆေးပေးတဲ့ သားဖြစ်သူရဲ့ချစ်စဖွယ် အပြုအမူလေးကို ဗီဒီယိုခိုးရိုက်ပြီး သဘောတွေကျနေတဲ့ ပိုးအိအိခန့်

ပရိသတ်အချစ်တော်အောင်သူနဲ့ပိုးအိအိခန့်တို့ကတော့ချစ်စရာကောင်းတဲ့သားလေးနဲ့အတူပျော်ရွှင်စရာမိသားစုကိုပိုင်ဆိုင်ထားတာပါ။ ခင်ပွန်းဖြစ်သူ ဘောလုံးကစားရာ ထိုင်းနိုင်ငံမှာမိသားစုလိုက်သွားရောက်နေထိုင်နေတာပါ။ထိုင်းနိုင်ငံမှာနေပေမယ့်လည်းပရိသတ်တွေနဲ့မပြတ်ရှိနေတာပါ။ လူမှုကွန်ရက်ကနေ စျေးလေးတွေကိုလည်းLive လေးလွှင့်ရောင်းနေတာပါ။ ခင်ပွန်းဖြစ်သူအောင်သူနဲ့ အနေအေးပြီးရိုတဲ့အကြောင်းလေးတွေ သားလေးရဲ့video လေးတွေကိုလူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်းသူတို့မိသားစုလေးကိုကြည့်ပြီးချစ်နေရတာပါ။ အခုမှာလည်းပိုးအိအိခန့်တစ်ယောက်သားလေးကိုကြည့်ပြီးချစ်မဝဖြစ်နေရတာပါ။ မေ့မေ့ကိုကူရင်းရှုပ်နေတဲ့ကလေးလေးဆိုပြီးကားလေးကိုရေဆေးပေးနေတာပါ။ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

ပထမဆုံး ကျောင်းစတက်တဲ့နေ့လေးမှာ ဆရာမနဲ့အတူ ပျော်ရွှင်စွာဆော့ကစားနေတဲ့ Liam လေးရဲ့ဗီဒီယိုဖိုင်

Liamဆိုတာနဲ့ပရိသတ်တွေချစ်နေရတဲ့ကလေးလေးဖြစ်ပါတယ်။ ဖေဖေမေမေတို့နိုင်ငံခြားကျောင်းသွားတက်ချိန်လေးမှာ ဖိုးဖိုးဖွားဖွားတွေနဲ့တူတူနေထိုင်ပြီးပရိသတ်အချစ်တွေသိမ်းပိုက်ထားတာပါ။ မွေးဖွားချိန်ကတည်းကယနေ့ထိသူ့ကိုချစ်နေရတဲ့ပရိသတ်တွေကအများအပြားပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း သားလေးရဲ့ပုံရိပ်လေးတွေ Video လေးတွေကို facebook groupလေးမှာတင်ပေးလေ့ရှိတာပါ။ပရိသတ်တွေကလည်းသားလေးပုံရိပ်တိုင်းကိုကြည့်ပြီးချစ်မဝနေရတာပါ။ သားလေးဟာခုမှာတော့ လမ်းလျောက်တက်ပြီးဆော့ကစားတက်တဲ့အရွယ်ကိုရောက်နေပြီဖြစ်ပါတယ်။ အခုမှာလည်း သားလေးဟာအရွယ်ရောက်ပြီဖြစ်တာကြောင့်စာလေးတွေသင်နေရပြီဖြစ်ပါတယ်။ ပထမဆုံးကျောင်းတက်တဲ့နေ့လေးမှာပါ သားလေးမှာပျော်နေခဲ့တာပါ။ Liamလေးပထမဆုံးကျောင်းတက်တဲ့နေ့မှာဘယ်လောက်ပျော်နေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။